Author: Admin T

About Admin T

The one who love Technologies and Movies.

Annabelle Creation (2017)

slide

Janice နဲ့ Linda ဆိုတဲ့ ကောင်မလေးနှစ်ယောက် တခြားမိဘမဲ့ ကလေးတွေနဲ့အတူ မြို့ပြင် လယ်တောလေးက အိမ်ကြီးတစ်အိမ်မှာ အိမ်ရှင်လင်မယား ခွင့်ပြုလို့ လာကြရပါတယ်။ အိမ်ကကြီး၊ ပတ်ဝန်းကျင်ကလည်း သာယာတော့ မိန်းကလေးတွေဟာ မိဘမဲ့သာဆိုတယ် ပျော်ပျော်နေကြရတယ်လို့ ထင်နေကြရာက အိမ်ကြီးမှာ ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရုပ်မလေးကို တွေ့ရှိခဲ့ကြပြီး သရဲတောင်မဟုတ်တဲ့ မကောင်းဆိုးဝါးနဲ့ပါ တိုးကြပါတော့တယ်။ Review Minor Spoiler Alert! (ဒီအချိန်မှတော့ အကုန်လုံးလည်း ကြည့်ပြီးလောက်ပီ ထင်ပါတယ် 😀 ) Annabelle: Creation ဟာ 2014 ခုနစ်က ထွက်ခဲ့တဲ့ Annabelle ရုပ်ရှင်ရဲ့ prequel ဖြစ်ပါတယ်။ Annabelle ပထမကားရဲ့ ဇာတ်လမ်းဇစ်မြစ်ကို ဒီကားမှာပုံဖော်ထားတာဖြစ်လို့ ဒီကားကြည့်ပြီး အချိတ်အဆက်မရှိတာ၊ အားမရသေးတာ၊ […]

Continue reading

Datshin Weekend Box office (Aug 11-13)

slide

အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Weekend Box office ကဏ္ဍအတွက် ဒီတစ်ပတ်မှာ No.1 နေရာကိုရယူသွားတဲ့ဇာတ်ကားကတော့ Annabelle : Creation ပဲဖြစ်ပါတယ်။ Annabelle : Creation ဟာ အရင်တစ်ပတ်က No.1 နေရာကိုရယူခဲ့တဲ့ The Dark Tower ကို ဒီတစ်ပတ်မှာကျော်ဖြတ်ခဲ့ပြီးနောက် No.1 နေရာကိုရယူခဲ့တာပဲဖြစ်ပါတယ်။ Annabelle : Creation ကို Budget $15 million အသုံးပြုထားပြီးတော့ Director David F. Sandberg ကရိုက်ကူးထားပါတယ်။   No.2 နေရာမှာရပ်တည်နေတာကတော့ Dunkirk ပဲဖြစ်ပါတယ်။ Dunkirk ဟာလဲ အရင်တစ်ပတ်ရဲ့Weekend Box office မှာလဲ No.2 နေရာကိုရယူထားခဲ့ပြီးတော့ ဒီတစ်ပတ်မှာလဲ No.2 နေရာမှာပဲထပ်မံရောက်ရှိနေပါတယ်။ […]

Continue reading

Dunkirk (2017) Review

slide

Storyline ဒုတိယကမ္ဘာစစ် အစောပိုင်းအချိန် ပြင်သစ်ပြည်ကို ဂျာမန်တွေ သိမ်းပိုက်လိုက်တဲ့အချိန်ပါ။ အဲအတွက် အင်္ဂလိပ်နဲ့ ပြင်သစ်စစ်တပ်က စစ်သားတွေဟာ ဂျာမန်တပ်တွေနဲ့ ဝေးရာကို တပ်ဆုတ်ရင်း Dunkirk ဆိပ်ကမ်းမှာ ပိတ်မိခဲ့ပါတယ်။ အရှေ့ဘက်မှာ ဂျာမန်တပ်ကြီးနဲ့ နောက်ဘက်မှာ ပင်လယ်ပဲရှိတော့လို့ ဘယ်အချိန်သေမလဲလို့ ထိုင်စောင့်နေရတဲ့ စစ်သည် ၄ သိန်းလောက်ကို အင်္ဂလန်က စစ်တပ်ကမဟုတ်ဘဲ ရှိသမျှ အရပ်ဘက် လှေ၊ သင်္ဘော အကုန်လုံးကို အသုံးပြုပြီး မရမက ကယ်ထုတ်ခဲ့ရတဲ့ သမိုင်းဝင် ကယ်ဆယ်မှုကြီးတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ Review ဘာမှ အထူးအခြားဇာတ်လမ်းမရှိတဲ့ Dunkirk ရုပ်ရှင်ကိုပုံဖော်တာမှာ Nolan ဟာ ကမ်းနားမှာရှိနေတဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့ စစ်သားတို့ဘက်က တစ်ခု၊ စစ်သားတွေကို လာကယ်ဖို့လုပ်နေတဲ့ အရပ်သားလှေဘက်က တစ်ခု၊ ကောင်းကင်ကနေ လေကြောင်းပစ်ကူနဲ့ […]

Continue reading

Despicable Me 3 (2017) Review

slide

(Spoiler Alert) Storyline အလွန်တန်ဖိုးကြီးတဲ့ စိန်တုံးကြီးကိုခိုးသွားတဲ့ လူဆိုးကိုမတားဆီးလိုက်နိုင်တာကြောင့် Anti-Villain League (AVL) ကနေ Gru တစ်ယောက်အလုပ်ထုတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ သူ့ရဲ့အမွှာညီအစ်ကိုဖြစ်တဲ့ Dru နဲ့ပြန်ဆုံမိကြပြီး ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး Hollywood ကိုဖျက်ဆီးဖို့ ကြိုးစားနေတဲ့လူဆိုးကြီးကိုတားဆီးပြီး Hollywood ကိုကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ Review Despicable Me 3 ဟာ  Despicable Me Film Series ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပြီး Despicable Me 2 ရဲ့ Sequel လဲဖြစ်ပါတယ်။ ပထမဆုံးထွက်ရှိခဲ့တဲ့ Despicable Me ဇာတ်ကားမှာ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေ အမြောက်အများရှိခဲ့တာကြောင့် Despicable Me ဇာတ်ကားဟာ အခုဆိုရင် 3 အထိရောက်လာခဲ့တဲ့အထိပါပဲ။ Despicable […]

Continue reading

Christopher Nolan ရဲ့လက်ရာကို James Bond ရုပ်ရှင်တွေမှာမြင်တွေ့ရတော့လေမလား?

slide

Christopher Nolan လို့ဆိုလိုက်တာနဲ့ The Dark Knight Trilogy , Inception , Interstellar , Memento စတဲ့နာမည်ကျော်ဇာတ်ကားတွေရဲ့ Director ဆိုတာကိုပြေးမြင်မိကြမှာအသေချာပါပဲ။ အခုအခါ Interview တစ်ခုမှာ Christopher Nolan ပြောကြားခဲ့တာကတော့ ရှေ့လာမဲ့ James Bond ဇာတ်ကားတွေကိုရိုက်ကူးဖို့အတွက်စိတ်ဝင်စားနေပါတယ်တဲ့။ ဆိုတော့ James Bond ဇာတ်ကားတွေဆိုတာ အခုနောက်ပိုင်းမှာလဲဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် James Bond ကို Nolan ကယ်မှပဲရတော့မလားဆိုပြီးဖြစ်နေကြပါတယ်။ Nolan ရဲ့ပြောကြားချက်အကျဉ်းချုံးကတော့ သူဟာ Producers တွေနဲ့ စကားပြောဖြစ်ခဲ့ပြီး သူကိုယ်တိုင်ဟာလဲ James Bond ဇာတ်ကောင်ကိုအတော်သဘောကျတဲ့သူဖြစ်ပြီး ဒီဇာတ်ကောင်အတွက် ပြန်လည်ဆန်းသစ်မှုတွေလုပ်ဆောင်ဖို့လိုအပ်နေပြီးသူကိုယ်တိုင်ကလည်း James Bond ဇာတ်ကားတွေကိုရိုက်ကူးဖို့စိတ်ဝင်စားနေပါတယ်လို့ဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Christopher Nolan […]

Continue reading