Category Archives: Knowledge

Movie Knowledge

Film Rating သို့မဟုတ် Age Ratings

slide

ရုပ်ရှင်တွေ trailer တွေကြည့်တဲ့အခါမှာ Unrated တို့၊ PG-13 တို့ R တို့စတဲ့ sign တွေကို တွေ့ဖူးကြမှာပါ။ ဘာကိုဆိုလိုတာလဲဆိုတာ သိတဲ့သူတွေ သိကြပေမဲ့ မသိရှိသေးတဲ့သူတွေအတွက် knowledge အဖြစ် မျှဝေပေးလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်း ရုပ်ရှင်တွေ မရေမတွက်နိုင်အောင်ထုတ်လုပ်နေတဲ့အခါမှာ ရုပ်ရှင်တွေဟာ ပုံစံအမျိုးမျိုး၊ theme အမျိုးမျိုးနဲ့ ထွက်လို့နေပါတယ်။ အရမ်းကိုကြမ်းတဲ့ သရဲကားလား၊ ပျော်စရာကောင်းတဲ့ ကလေးကားလား၊ လူကြီးတွေကြည့်တဲ့ အချစ်ကားလား စသဖြင့်ပါ။ အဲလိုအမျိုးမျိုးသော ရုပ်ရှင်တွေကို အရွယ်မရောက်သေးသူ ကလေးငယ်တွေ ကြည့်တဲ့အခါမှာ အဆင်မပြေတာတွေ မကြည့်သင့်တာတွေ ကြည့်မိတာတွေ ဖြစ်လာတဲ့အတွက် နိုင်ငံတကာမှာ ရုပ်ရှင်ကို Rate လုပ်တဲ့ စနစ်တွေ ကျင့်သုံးလာကြပါတယ်။ သက်ဆိုင်ရာ ရုပ်ရှင်အဖွဲ့အစည်းတွေရဲ့ ရုပ်ရှင်ပေါ်မှာ ပါတဲ့သတ်မှတ်ချက်ကို ကြည့်ခြင်း အားဖြင့် […]

Continue reading

Movie Spoiler ဆိုတာဘာလဲ?

slide

Spoiler ကြီး (သို့မဟုတ်) Spoil လုပ်တယ်ဆိုတာကို လူတွေတော်တော်များများကြားဖူးကြပေမဲ့ တချို့က နားလည်မှုလွဲနေတာတွေရှိပါတယ်။ Spoil လုပ်တယ်ဆိုတာ သတင်းအမှားကိုပြောတာ ဇာတ်လမ်းကို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ပုဒ်မှာပါတဲ့ အဓိကအခန်းတွေ အထူးသဖြင့် ဇာတ်သိမ်းခန်းလိုမျိုး ရုပ်ရှင် ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိကအကျဆုံး အခန်းတွေကို မကြည့်ရသေးသူကို ထုတ်ဖော်ပြောပြတာကို ဆိုလိုတာပါ။ အဲလိုမျိုးမကြည့်ရသေးသူကို ထုတ်ပြောလိုက်တဲ့အတွက် အပြောခံရသူ Spoil အလုပ်ခံရသူ ရုပ်ရှင်ကြည့်တဲ့အခါမှာ ခံစားရတာသိပ်မရှိဘဲ အရသာပျက်သွားပါတယ်။ ဥပမာ အချစ်ဇာတ်လမ်းတစ်ခု၊ Poster နဲ့ Trailer တွေအရ ပုံမှန်ကြည့်သူအတွက် Happy Ending ရှိမယ်လို့ထင်ရပေမဲ့ ကြည့်ပြီးတဲ့သူက နောက်ဆုံးမှာ မညားဘူး၊ ဇာတ်လိုက်သေသွားတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ကြည့်မဲ့သူဟာ အော်အေး မင်းသားက ဘယ်လိုဖြစ်ဖြစ် သေမှာပဲလို့ ၊ နှစ်ယောက် […]

Continue reading

Interstellar Explained

slide

Dark Knight Trilogy နဲ့ Inception တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီကားက 2014 ရဲ့ အကောင်းဆုံးကားတွေထဲမှာပါသလို ရိုက်ဖူးသမျှ Sci-Fi တွေထဲမှာ လက်ရာအမြောက်ဆုံးနဲ့ အကောင်းဆုံးကားတွေထဲမှာ ပါပါတယ်။ ဇာတ်လမ်းက တော်တော်လေးရှုပ်လို့ Synopsis လိုမျိုးတင်ပြထားပါတယ်။ နည်းနည်းလေးတော့ ရှည်ပါတယ်။ ပုံတွေမှာ ခွဲပြီးရေးထားလို့ တစ်ပုံချင်း လိုက်ဖတ်ပေးပါ။ Black hole, wormhole တို့ကို သိသလောက် မှတ်သလောက် တင်ပြထားပါတယ်။ Space and time နဲ့ ပတ်သက်တာတွေက အရမ်းကျယ်ပြန့်ပါတယ်။ အသုံးအနှုန်းတွေလဲ တတ်နိုင်သလောက် ဖော်ပြထားလို့ မှားတာ လိုတာရှိရင် ဖြည့်စွက်ပေးကြပါဗျ။ Storyline သိပ်မကြာတဲ့ အနာဂတ်မှာ ကမ္ဘာကြီးက အခြေအနေသိပ်မကောင်းတော့ဘူး။ […]

Continue reading