Category Archives: Marvel

Marvel Comics

Star-Lord (Earth 616) (Marvel Comics)

slide

Star-Lord လို့လူသိများတဲ့ Peter Quill က Marvel Comic ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး Steve Englehart နဲ့ Steve Gan တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ 1976 ခုနစ်ထွက် Marvel Preview #4 မှာ စပွဲထွက်ခဲ့တာဖြစ်ပြီး Guardians of the Galaxy အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ (ဒါပေမဲ့ မူရင်းထွက်ရှိခဲ့တဲ့ GOTG အဖွဲ့ထဲမှာတော့ မပါခဲ့ပါဘူး)   J’son Peter Quill အကြောင်းမပြောခင် အရင်ဆုံး J’son အကြောင်း ပြောချင်ပါတယ်။ J’son ဟာ အာကာသတွင်းက အင်အားကြီး နိုင်ငံတစ်နိုင်ဖြစ်တဲ့ Spartax Empire ကြီးရဲ့ ဘုရင် Eson ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် အိမ်ရှေ့မင်းသားလည်းဖြစ်ပါတယ်။ […]

Continue reading

Loki (Marvel Comics)

slide

Loki ဟာ Marvel Comics ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး Thor တို့နဲ့အတူ ရှေးခေတ် Norse နတ်ဘုရားတွေကို မှီငြိမ်းထားတာဖြစ်ပါတယ်။ Loki ကို 1949 ခုနစ်မှာ စတွေ့ခဲ့ရတာဖြစ်ပြီး Stan Lee နဲ့ Larry Lieber, Jack Kirby တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ Loki ကို ပုံမှန်အားဖြင့် supervillain အဖြစ်နဲ့ မြင်တွေ့ရလေ့ရှိပြီး တစ်ခါတစ်လေမှာတော့ antihero လည်း ဖြစ်လေ့ရှိပါတယ်။ History of Loki ဟိုးရှေးခေတ် နှစ်ပေါင်းများစွာအကြာက Asgard ရဲ့ အရှင်သခင် Bor ဟာ Frost giant တို့နဲ့ စစ်ခင်းရင်းနဲ့ မှော်ဆရာကြီးတစ်ယောက်ရဲ့ အငိုက် တိုက်ခိုက်မှုကြောင့် Bor ဟာ […]

Continue reading

Quake (Marvel Comics)

slide

Daisy Johnson ဆိုတဲ့နာမည်အရင်းရှိတဲ့ Quake ဟာ Marvel Comics ရဲ့ superhero တစ်ယောက်ဖြစ်ပြီး စာရေးဆရာ Brian Michael Bendis နဲ့ ကာတွန်းဆရာ Gabriele Dell’Otto တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ Hackers ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသမီး Angelina Jolie ကို ပုံစံယူ ဖန်တီးထားတာလို့လည်း ပြောပါတယ်။ 2004 ခုနစ်မှာ ထွက်ခဲ့တဲ့ Secret War စာအုပ်အမှတ် 2 မှာ စ ပါခဲ့တာပါ။ Quake ဟာ Supervilllain တစ်ယောက်ဖြစ်တဲ့ Mister Hyde ရဲ့ သမီးဖြစ်ပေမဲ့ S.H.I.E.L.D အဖွဲ့မှာ secret agent တစ်ယောက်လည်းဖြစ်ပါတယ်။ အခုလက်ရှိ ပြသနေဆဲဖြစ်တဲ့ […]

Continue reading

Ghost Rider: John Blaze (Marvel Comics)

slide

Ghost Rider ကတော့ Marvel Comics ရဲ့ anti-hero တွေထဲကဖြစ်ပြီး Ghost Rider တွေအများကြီးရှိပါတယ်။ Ghost Rider ဆိုတာ လူသားတစ်ယောက်ဖြစ်ပြီး အရိုးခြောက်ပုံပြောင်း၊ တစ်ကိုယ်လုံး မီးတွေတောက်လောင်နေပြီး ထူးခြားစွမ်းအင်တွေကို ရရှိပိုင်ဆိုင်ပါတယ်။ သူစီးတဲ့ ဆိုင်ကယ်တွေက တခြားဆိုင်ကယ်တွေ ယာဉ်တွေထက် အများကြီးပိုမြန်မြန်မောင်းနိုင်ပြီး မဖြစ်နိုင်တဲ့ နံရံပေါ်ထောင်စီးတာမျိုး၊ ရေပေါ်သွားတာတွေလည်း လုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် Ghost Rider တွေဟာ ဖျက်စီးပစ် သတ်ပစ်လို့ မရနိုင်ဘဲ ဒဏ်ရာလေးရအောင်တောင်မှ တော်တော်ကိုခက်ခဲလှပါတယ်။ ကျည်ဆံတွေက သူ့ခန္ဒာကိုယ်ကိုဖေါက်ထွက်သွားတတ်ပြီး ဓားတွေကလည်း အရည်ပျော်သွားတတ်တယ်။ ဆိုတော့ Ghost rider တွေက immortal တွေလို့ ပြောလို့ရသလောက်ပါပဲ။ ပြောပုံအရ Ghost Rider တွေကို God က […]

Continue reading

Apocalypse (Marvel Comics)

slide

Apocalypse ဟာ အမေရိကန် Marvel Comic စာအုပ်များထဲက အဓိက Villain ကြီးတစ်ယောက်ဖြစ်ပါတယ်။ မျိုးရိုးဗီဇ gene တွေ ပြောင်းလဲဖြစ်တည်နေတဲ့ Mutant တွေထဲမှာမှ ပထမဆုံးလူဖြစ်ပြီး X-Men ကာတွန်းစာအုပ်တွေထဲမှာ အဓိကရန်သူကြီးတစ်ယောက်အဖြစ် မြင်ရပါတယ်။ စာရေးဆရာ Louise Simonson နဲ့ ကာတွန်းဆရာ Jackson Guice တို့က ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး (၁၉၈၆) ခုနစ် မေလထုတ် X-Factor စာအုပ် အမှတ် (၅) မှာ စပြီးပါဝင်ခဲ့ပါတယ်။ Apocalypse ကို ကာတွန်းစာအုပ်အပြင် ကာတွန်း series တွေ ဂိမ်းတွေ အရုပ်တွေမှာလည်း တွေ့ရမှာဖြစ်ပြီး လာမဲ့ X-Men: Apocalypse ရုပ်ရှင်မှာတော့ မင်းသား Oscar Isaac က […]

Continue reading