Category Archives: Profile

Profile

Michael Bay (Director, Producer, Actor)

slide

Michael Bay ကို ဒီကရုပ်ရှင်ပရိတ်သတ်တော်တော်များများက Transformers ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာအဖြစ် ပိုသိကြမယ်ထင်ပါတယ်။ သူ့အဓိက ရိုက်ချက်တွေက တစ်ချိန်လုံး ပေါက်ကွဲပျက်စီးနေတာလေ။ အဲဒီ Transformers ရုပ်ရှင်တွေနဲ့ပဲ ဝင်ငွေ ဒေါ်လာ billion နဲ့ချီပြီး ရရှိအောင် စွမ်းဆောင်ထားခဲ့တဲ့ Michael Bay ဟာ အရင်က TV ကြော်ငြာတွေ ရိုက်ကူးခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ကြိုးစားမှုနဲ့ သူ့ရဲ့ ကွဲပြားခြားနားတဲ့ action အသားပေး ရိုက်ကူးနိုင်တဲ့ အမြင်နဲ့ စွမ်းရည်တို့ကြောင့် ဒီနေ့ဒီအခြေအနေရောက်ခဲ့တာဖြစ်ပါတယ်။ Michael Bay ရဲ့ နာမည်ရင်းဟာ Michael Benjamin Bay ဖြစ်ပြီး အမေရိန်ကန်ပြည်ထောင်စု Los Angeles မှာ 1965 ခုနစ် February 17 မှာ မွေးဖွားခဲ့ပါတယ်။ […]

Continue reading

Megan Fox Profile

slide

Megan Denise Fox ကို 16 may 1986 လောက်က Memphis, Tennessee မှာမွေဖွားခဲ့ပြီး အမေရိကန် မင်းသမီးတစ်ယောက်ဖြစ်သလို Victoria’s Secret မှာ model တစ်ယောက်အနေနဲ့လည်းတွေ့မြင်ရမှာပါ။ သူမရဲ့မိဘတွေကဆိုရင် Foxတစ်ယောက်မင်းသမီး ဖြစ်လာမယ်လို့ကိုမထင်ထားခဲ့ကြပါဘူး ဘာလို့လဲဆိုရင် ငယ်ငယ်ကမလှလို့ပါတဲ့။ သူမရဲ့မိဘတွေကဆိုရင် သူမသုံးနှစ်အရွယ်တည်းက ကွာရှင်းခဲ့ပြီး သူမနဲ့သူမညီမတို့က ပထွေးနဲ့ ကြီးပြင်းခဲ့တာပါ။ သူတို့မိဘတွေကစည်းကမ်းကြီးလို့ သူတို့ညီအမနှစ်ယောက်က ရည်းစားမထားခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း သူမကအိမ်ကခိုးထွက်ပြီး သူ့ရဲ့အမေကားကိုယူပြီး ယောင်္ကျားလေးတွေနဲ့သွားတွေ့ပါတယ်။ Fox ရဲ့အလယ်တန်းငယ်ဘ၀ကဆိုရင် အတန်းဖော်တွေရဲ့ အနိုင်ကျင့်ခံတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ သူမကို အချဉ်တွေနဲ့ပစ်ပေါက်လို့ သူမရဲ့နေ့လည်စာကို ရေချိုးခန်းမှာစားခဲ့ရပါတယ်တဲ့။ သူ့ရဲ့ငယ်ဘ၀မှာဆိုရင် မိန်းကလေးတွေက သူ့ကိုမုန်းကျပြီး သူမရဲ့ဘ၀မှာ အကောင်းဆုံးသူငယ်ချင်း မိန်းကလေးဆိုလို တစ်ယောက်ဘဲရှိပါတယ် များသောအားဖြင့်က ယောင်္ကျားလေးတွေပါ။ သူမရဲ့သရုပ်ဆောင်ဘ၀ကို […]

Continue reading

Ben Affleck (Actor , Director , Producer)

slide

1972 ခုနစ် August 15 မှာမွေးခဲ့တဲ့ Benjamin Geza Affleck-Boldt သို့မဟုတ် Ben Affleck ဟာ အမေရိကန်လူမျိုး သရုပ်ဆောင်နဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းကို PBS ပညာပေးအစီအစဉ်တွေမှာ ပါဝင်သရုပ်ဆောင်တာနဲ့ စခဲ့ပါတယ်။ ဒီလိုနဲ့ ကျော်ကြားလာခဲ့တာ ခုနောက်ဆုံးအနေနဲ့ Batman v Superman: Dawn of Justice နဲ့ Suicide Squad ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတယ်။ ဒါရိုက်တာဘက်မှာလည်း ထူးချွန်တဲ့ Ben Affleck က Gone Baby Gone (2007) ရုပ်ရှင်ကို ရိုက်ကူးတာက စခဲ့ပြီး The Town (2010) မှာလည်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူး ရေးသားထားတယ်။ 2012 […]

Continue reading

Danny Boyle (Director , Producer)

slide

Daniel Danny Boyle က အင်္ဂလိပ် director တစ်ယောက်ဖြစ်ပါတယ်။ ဒီကလူတွေနဲ့ နည်းနည်းစိမ်းနေနိုင်လောက်ပေမဲ့ သူ့ရဲ့ လက်ရာ Slumdog Millionaire ဆိုတဲ့ကားကိုတော့ သိကြမှာပါ။ အဲဒီကားဟာ Oscar 10 ဆု စာရင်းဝင်ခဲ့ပြီး Best Director အပါအဝင် ဆု(၈)ဆု ရခဲ့ပါတယ်။ Danny Boyle ဟာ အောက်တိုဘာ (၂၀)၊ ၁၉၅၆ မှာ မွေးခဲ့ပါတယ်။ Radcliffe, Lancashire ဇာတိဖြစ်ပြီး မိဘတွေက မိဘတွေက Irish တွေပါ။ ငယ်ငယ်တုန်းက ဘာသာရေးကိုင်းရှိုင်းပြီး Roman Catholics ဖြစ်ပါတယ်။ ခုတော့ သူ့ကိုသူ Spiritual Athiest လို့ ပြောပါတယ်။ Boyle ဟာ ကျောင်းပြီးသွားတော့ Joint […]

Continue reading

Hans Zimmer (Composer)

slide

Hans Zimmer ဟာ ဂျာမန်လူမျိုး တေးရေးသူနဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး သူ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅၀ ကျော်အတွက် ရေးစပ်တီးခပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ Lion King နဲ့ Gladiator တို့မှာလည်း ပါဝင်ခဲ့တဲ့ Hans Zimmer ဟာ Pirates of the Caribbean ရုပ်ရှင် တီးလုံးတွေနဲ့လည်း သူသိများပါတယ်။ Zimmer ဟာ သူ့သီချင်းတွေမှာ သံစုံတီးဝိုင်းပဲမဟုတ်ဘဲ electronic music တွေပါ တွဲထည့်တတ်လို့ ထူးထူးခြားခြားလူသိများပါတယ်။ သူဟာ အခုအချိန်အထိ Grammy လေးဆု၊ Classical BRIT ဆု၊ Golden Globe နှစ်ဆုနဲ့ Oscar တစ်ဆုတို့ ရရှိထားပါတယ်။ Top 100 Living Geniuses ဆိုတဲ့စာရင်းထဲမှာလည်းပါပါသေးတယ်။ […]

Continue reading

  • Page 1 of 2
  • 1
  • 2