Category Archives: Trivia

Movies Trivia

Wonder Woman (2017) Trivia

slide

မင်းသမီး Gal Gadot ဟာ ရုပ်ရှင်ရဲ့ stunt ကွက်တွေပါ ပါဝင်တဲ့ reshoot တွေ လုပ်ဆောင်စဉ်အချိန်မှာ ကိုယ်ဝန် ၅ လ ရှိနေပါတယ်။ ဆိုတော့ ဗိုက်ထွက်နေတာ သိသာနေခဲ့လို့ ရိုက်ကူးရေးအဖွဲ့က ဗိုက်ဝန်းကျင်မှာ တပ်လို့ရမဲ့ green screen ပုံစံ အစိမ်းရောင်ဝတ်စုံတစ်ခု ဖန်တီးခဲ့ပါတယ်။ Gal Gadot ဟာ ကြွက်သားတွေချည်းပဲ ၁၇ ပေါင် တက်လာဖို့ ၉ လတိတိ လေ့ကျင့်ခန်းလုပ်ခဲ့ရပါတယ်။ Themyscira ဇာတ်ဝင်ခန်းတွေကို အီတလီနိုင်ငံ တောင်ပိုင်းက Amalfi ကမ်းရိုးတန်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ Patty Jenkins ဟာ Wonder Woman ကို ရိုက်ကူးဖို့ ၂၀၀၅ ခုနစ်ကတည်းက Warner Bros. […]

Continue reading

The Spiderman Trivia (2002)

slide

ချော်လဲသွားတဲ့ Mary Jane နဲ့အတူ လေထဲ ပြန့်ကျဲပြီး ပြုတ်ကျလာတဲ့ စားစရာတွေကို Peter Parker တစ်ယောက် အမိအရဖမ်းမိခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ CGI လုံးဝသုံးမထားပါဘူး။ လင်ဗန်း လက်ထဲမှာ ကပ်နေအောင် ကော်လိုမျိုး စေးကပ်တဲ့အရာသုံးထားခဲ့ရပြီး ၁၅၆ ခေါက် ကြိုးစားအပြီးမှာတော့ ဇာတ်ဝင်ခန်းထဲကအတိုင်း Tobey က လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ Hugh Jackman ပြောတာက သူဟာ အဲရုပ်ရှင်မှာ Wolverine အဖြစ် cameo ပါဖို့ လုပ်ခဲ့ရသေးတယ်ဆိုတာပါ။ အဲအတွက် Hugh Jackman က ရိုက်ကူးရေးလုပ်ဖို့ New York ကိုတောင် လာဖြစ်ခဲ့ပေမဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက X-Men ရုပ်ရှင်ထဲက Wolverine ဝတ်စုံကို အရမယူနိုင်ခဲ့လို့ မရိုက်ဖြစ်ခဲ့ပါဘူး။ ဖွင့်ဖွင့်ချင်း weekend […]

Continue reading

Enemy at the Gates (2001) Trivia

slide

အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ Jude Law နဲ့ Ed Harris တို့ဟာ သရုပ်ဆောင်တဲ့အခါ မျက်လုံးတွေက အရမ်းအသက်ဝင်လို့ အဓိက ရွေးချယ်ခံခဲ့ရတာပါ။ Stalingrad မြို့အတုကို Germany မှာ တော်တော်ကြီးကြီးမားမားအရွယ်အစားနဲ့ အစကနေ ပြန်ဆောက်ခဲ့ပါတယ်။ တိုက်ပွဲဝင် ဇာတ်ဝင်ခန်းတွေရိုက်တော့ ကျဉ်းကျပ်တဲ့ နေရာအတွင်းမှာ Extra တွေကို ပြေးခိုင်းရင်း remote နဲ့ ဗုံးဖေါက်ခွဲရမှာဖြစ်တဲ့အတွက် တော်တော်အန္တာရယ်များပါတယ်။ ဒါကြောင့်မို့ remote နဲ့ ဖေါက်ရမဲ့အစား Extra တွေထဲမှာ စတန့်သမားတွေကို ရောပြေးခိုင်းပြီး pressure plate တွေပါတဲ့ နင်းလိုက်ရင် ပေါက်ကွဲတဲ့ ဗုံးသေးတွေပေါ်က ဖြတ်ပြေးခိုင်းခဲ့ပါတယ်။ ရုပ်ရှင်ထဲက Zaitsev ဇာတ်ကောင်ဟာ ပညာမတတ် ရိုးရိုးအအနဲ့ သေနတ်ပဲပစ်တတ်တဲ့ ကျေးလက်ကတက်လာတဲ့လူရိုးတစ်ယောက်အဖြစ် ပုံဖော်ထားပါတယ်။ အပြင်က […]

Continue reading

Gladiator (2000) Trivia

slide

Gladiator ရဲ့ တိုက်ခန်းခိုက်ခန်းတွေ ရိုက်ကူးတဲ့ကာလတစ်လျှောက် Russell Crowe ရဲ့ ခြေထောက်ရိုးနဲ့ တင်ပါးရိုးတွေ ကျိုးခဲ့ပါတယ်။ Maximus နေရာမှာ သရုပ်ဆောင်ဖို့ Mel Gibson ကို ခေါ်ခဲ့ပေမဲ့ အသက် ၄၃ နှစ်ရှိနေပြီမို့လို့ သူနဲ့ဆို Maxiums နဲ့ မလိုက်လောက်ဘူးဆိုပြီး သူကငြင်းပယ်ခဲ့ပါတယ်။ Russell Crowe ကို ဒီကားမှာ ဘာကြောင့် ပါဖို့ သဘောတူခဲ့သလဲမေးတော့ “သူတို့ကပြောတယ်။ ဒီကားက ဒေါ်လာ သန်း ၁၀၀ တန် ရုပ်ရှင်။ Ridley Scott ရိုက်မယ်။ မင်းက ရောမ စစ်သူကြီးလုပ်ရမယ် ဆိုလို့။ ကျွန်တော်က Ridley Scott ရဲ့ ပရိတ်သတ်လေ” လို့ ပြန်ဖြေတယ်။ ဇာတ်လမ်းစစချင်း တိုက်ပွဲမှာ […]

Continue reading

Cast Away (2000) Trivia

slide

ဒီတစ်ခေါက်တော့ Tom Hanks နဲ့ Robert Zemeckis တို့ရဲ့ Cast Away အကြောင်း တင်ဆက်ပေးသွားပါ့မယ်။ Spoiler Alert! Ref; IMDB လူလတ်ပိုင်းအရွယ်ပုံမျိုးဖြစ်အောင် Tom Hanks က လေ့ကျင့်ခန်းဘာညာ မလုပ်ဘဲ နည်းနည်းခပ်ဝဝပုံဖြစ်အောင် ခန္ဒာကိုယ်ကို ပစ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်းပေါ်မှာ ၄ နှစ်ကြာ သောင်တင်ခဲ့တဲ့အချိန် ပြောင်းလဲသွားတဲ့ ခန္ဒာကိုယ်ကိုရဖို့အတွက် production ကို ၁ နှစ်လောက် ရပ်ထားခဲ့တယ်။ အဲအချိန်အတွင်း Tom Hanks က အလေးချိန် ပေါင် ၅၀ လျှော့ခဲ့ပြီး ဆံပင်ရှည် မုတ်ဆိတ်မွှေးရှည်အောင် ထားခဲ့ပါတယ်။ အဲလိုပဲ ရတဲ့အချိန်အတွင်းမှာ ဒါရိုက်တာ Robert Zemeckis က Cast Away […]

Continue reading