Ghost Rider: John Blaze (Marvel Comics)

slide

Ghost Rider ကတော့ Marvel Comics ရဲ့ anti-hero တွေထဲကဖြစ်ပြီး Ghost Rider တွေအများကြီးရှိပါတယ်။ Ghost Rider ဆိုတာ လူသားတစ်ယောက်ဖြစ်ပြီး အရိုးခြောက်ပုံပြောင်း၊ တစ်ကိုယ်လုံး မီးတွေတောက်လောင်နေပြီး ထူးခြားစွမ်းအင်တွေကို ရရှိပိုင်ဆိုင်ပါတယ်။ သူစီးတဲ့ ဆိုင်ကယ်တွေက တခြားဆိုင်ကယ်တွေ ယာဉ်တွေထက် အများကြီးပိုမြန်မြန်မောင်းနိုင်ပြီး မဖြစ်နိုင်တဲ့ နံရံပေါ်ထောင်စီးတာမျိုး၊ ရေပေါ်သွားတာတွေလည်း လုပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် Ghost Rider တွေဟာ ဖျက်စီးပစ် သတ်ပစ်လို့ မရနိုင်ဘဲ ဒဏ်ရာလေးရအောင်တောင်မှ တော်တော်ကိုခက်ခဲလှပါတယ်။ ကျည်ဆံတွေက သူ့ခန္ဒာကိုယ်ကိုဖေါက်ထွက်သွားတတ်ပြီး ဓားတွေကလည်း အရည်ပျော်သွားတတ်တယ်။ ဆိုတော့ Ghost rider တွေက immortal တွေလို့ ပြောလို့ရသလောက်ပါပဲ။ ပြောပုံအရ Ghost Rider တွေကို God က ဖန်တီးခဲ့တာဖြစ်ပြီး God ကပဲ ဖျက်စီးနှိမ်နှင်းလို့ရနိုင်မယ်လို့လည်း ဆိုထားပါတယ်။ ငရဲမီးတွေလောင်နေတဲ့ အရိုးခြောက်ဖြစ်ပေမဲ့ Ghost Rider တွေဟာ တော်တော်သန်မာတဲ့ သူမတူတဲ့ခွန်အားတွေရှိပြီး truck ကားတစ်စင်းကိုတောင် ကားလမ်းတစ်ဖက်ကို ကောက်ပေါက်နိုင်ပါတယ်။ Ghost Rider တွေဟာ တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ စွမ်းအင်တွေရှိပါတယ်။

Cage's Ghost Rider (2007)

Cage’s Ghost Rider (2007)

ကျွန်တော်တို့နဲ့ အများကြီးရင်းနှီးတာကတော့ မင်းသား Nicholas Cage သရုပ်ဆောင်ထားတဲ့ Johnny Blaze ဖြစ်ပြီး အခုလောလောဆယ် Marvel’s Angents of SHIELD မှာလည်း Robbie Reyes ရဲ့ Ghost Rider ကိုမြင်ခဲ့ရပြီးပါပြီ။ တခြား version တွေရှိတဲ့အထဲကမှ ဒီတစ်ခေါက်တော့ John Blaze အကြောင်းတင်ပြသွားပါမယ်။  လိုတာတွေရှိ ဝင်ရောက်ဖြည့်စွက်ပေးကြပါ အရပ်ကတို့။

Ghost Rider from Agents of SHIELD

Ghost Rider from Agents of SHIELD

Ref; Wiki, Marvel Wiki,

Admin KPK


John Blaze

John Blaze

John Blaze

John Blaze ဇာတ်ကောင်ကို 1972 ခုနစ်ထုတ် Marvel Spotlight #5 မှာ စတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဟိုးရှေးအခါက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်တဲ့ Zarathos ဟာ စွမ်းအားတွေစုစည်းပြီး အင်အားကြီးထွားအောင် လုပ်နေခဲ့လို့ နောက်ပိုင်းမှာ Blood cult နဲ့ Mephisto တို့က သူ့ကို ပြိုင်ဘက်လို့ သတ်မှတ်လာခဲ့ပါတယ်။ ဒါနဲ့ပဲ Mephisto က Zarathos ကို လှည့်စား၊ ကျွန်ပြု၊ မှတ်ဥာဏ်မေ့အောင်လုပ်၊ လူသားတစ်ယောက်ခန္ဒာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ လှောင်ပိတ်ခဲ့ပါတယ်။ အဲအချိန်မှာလည်း Mephisto က Blood ဖန်တီးထားတဲ့ မူရင်း Spirit of Vengeance ရဲ့ Essence တွေပါဝင်တဲ့ Medallion of Power ကို လိုက်ရှာနေခဲ့ပါတယ်။ အဲ Medallion ကလည်း အစိတ်စိတ်အမွှာမွှာကွဲကြေခဲ့ပြီးဖြစ်ပြီး သူ့အစိတ်အပိုင်းတွေဟာ မိသားစုနှစ်စုရဲ့ မျိုးရိုးသွေးသားတွေထဲမှာ မြှုပ်နှံထားခဲ့ပါတယ်။ အဲမျိုးဆက်တွေထဲကတစ်ခုက Kale မျိုးနွယ်လည်းပါဝင်ပြီး 18 ရာစုအတွင်း Noble Kale ရဲ့ Medallion အစိတ်အပိုင်းကြောင့် Ghost Rider ဖြစ်တဲ့ Spirit of Vengeance အဖြစ်ပြောင်းလဲသွားခဲ့လို့ Mephisto ရဲ့ အာရုံစူးစိုက်မှုကို ရခဲ့ပါတယ်။ သို့ပေမဲ့လည်း Mephisto က Ghost Rider ကို စည်းရုံးဖျက်စီးဖို့ မအောင်မြင်ခဲ့လို့ Kale မျိုးနွယ်ရဲ့ မျိုးဆက်တစ်လျှောက်လုံး generation တစ်ချင်းစီရဲ့ ပထမဆုံးမွေးတဲ့ ကလေးဆီမှာ Nobel ပြန်ဝင်စားမလား စောင့်ကြည့်နေခဲ့ပါတယ်။

ဒီဘက်ခေတ်ရောက်လာပါပြီ။ John Blaze နာမည်အပြည့်အစုံက Johnathon “Johnny” Blaze ဖြစ်ပြီး Illinois က Waukegan မှာမွေးခဲ့ပါတယ်။ Barton Blaze နဲ့ Naomi Kale တို့ရဲ့ သားဖြစ်ပြီး မွေးကတည်းက ဆိုင်ကယ်တွေနဲ့ အားပေးနေတဲ့ ဆိုင်ကယ် stunt ပရိတ်သတ်တွေကြားမှာ ကြီးပြင်းခဲ့ပါတယ်။ အသက်ငယ်စဉ်က သူ့မိဘတွေ stunt လုပ် ဖျော်ဖြေနေကြဖြစ်တဲ့ Quentin Carnival ပွဲတွေမှာ နေခဲ့ပါတယ်။ ဒါပေမဲ့မကြာခင်မှာပဲ သူ့မိသားစုရဲ့ ကျိန်စာကိုစိုးရိမ်ကြောက်လန့်မိတဲ့အတွက် Naomi Kale ဟာ သူ့သားအကြီးဖြစ်တဲ့ John Blaze ကို သူ့ယောင်္ကျားနဲ့အတူထား၊ သားသမီးအငယ်တွေဖြစ်တဲ့ Barbara နဲ့ Daniel တို့ကိုခေါ်ပြီး အိမ်ကထွက်သွားခဲ့ပါတယ်။ နောက် သူနဲ့ပါလာတဲ့ကလေးတွေကို Francis Ketch ဆိုတဲ့ အမျိုးသမီးဆီမှာထားခဲ့ပါတယ်။

ဆိုတော့ John Blaze ဟာ အမေဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ နာကျင် စိတ်ထိခိုက်ခဲ့ရတဲ့အတွက် သူ့မောင်နှမတွေနဲ့ သူ့အမေနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တော်တော်များများကို မေ့ပစ်ခဲ့ပါတယ်။ တစ်ရက်မှာလည်း သူ့အဖေ Barton တစ်ယောက် Stunt လုပ်ပြီး ရုတ်တရက်ဆုံးသွားလို့ John ကို Crash နဲ့ Mona Simpson တို့က မွေးစားခဲ့တယ်။ အဲနောက်ပိုင်း Crash နဲ့ Moana တို့ရဲ့ အကူအညီနဲ့ပဲ John ဟာ သူ့အတိတ်မှတ်ဥာဏ်တွေကို မေ့ပျောက် ပြောင်းလဲပစ်ခဲ့ပြီး သူ့အမေဖြစ်တဲ့ Clara Blaze က သေသွားပြီဆိုပြီး မှတ်ယူခဲ့တယ်။ ဒီလိုနဲ့ပဲ John တစ်ယေက် Simpson clan နဲ့အတူကြီးပြင်းလာခဲ့ပြီး သူတို့သမီးဖြစ်တဲ့ Roxanne နဲ့လည်း ရင်းနှီးလာခဲ့တယ်။ နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ခဲ့ပါတယ်။

Naomi Kale

Naomi Kale

အမေဖြစ်သူ Naomi Kale က သားဖြစ်သူအကြောင်းကို လာစုံစမ်း စောင့်ကြည့်ခဲ့ပြီး သူ့သားအေးချမ်းနေတာမြင်ရလို့ ပျော်ရွှင်ရပေမဲ့ တစ်ချိန်သူ့လိုမျိုးပဲ ကျိန်စာနဲ့ထိမှာစိုးလို့ ရင်ထိတ်နေခဲ့ရပါတယ်။ ဒါနဲ့ပဲ Naomi က သူ့သား John Blaze ကို ချမ်းသာပေးဖို့ Mephisto နဲ့ အပေးအယူလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Naomi သေခါနီးအချိန်မှာ Mephisto က စကားမတည်ခဲ့ပဲ Johnny Blaze ဟာ Ghost Rider စစ်စစ်တစ်ယောက် ဖြစ်မလာရင်တောင်မှ Ghost Rider တစ်ယောက်ဖြစ်ကိုဖြစ်ရစေမယ်လို့ ကျိန်ခဲ့ပါတယ်။ အဲအချိန် John Blaze ဟာ သူ့ Simpson မိသားစုတွေနဲ့အတူ ဆိုင်ကယ် stunt တွေလုပ်နေခဲ့ပါတယ်။ Crash ကလည်း သူ့အတွက် တကယ့်အဖေအရင်းတစ်ယောက်လိုဖြစ်နေခဲ့ပါပြီ။ Crash က တစ်ရက်ရက်ကျရင် John က သူ့နေရာကိုဆက်ခံပြီး stunt show တွေရဲ့ star တစ်ယောက်ဖြစ်လာရမယ်လို့ ယုံကြည်ခဲ့ပြီး ပညာတွေသင်ပေးနေခဲ့တယ်။ ဒါပေမဲ့တစ်ရက်မှာတော့ stunt တစ်ခုလုပ်ရင်း John လည်းသေမလိုဖြစ်ခဲ့ပြီး Mona လည်း ဒဏ်ရာအကြီးအကျယ်လုပ်ခဲ့ပါတယ်။ ဒါနဲ့ Mona တစ်ယောက် မသေခင်အချိန်လေးမှာ John ကို ဆိုင်ကယ်ဆက်မစီးဖို့ တောင်းဆိုခဲ့ပြီး John ကလည်း မစီးဖို့ ကတိပေးခဲ့ပါတယ်။


maxresdefault-2

The Ghost Rider

နောက်ပိုင်းနှစ်တွေမှာ John တစ်ယောက် stunt တွေမှာ ပါဖို့ငြင်းဆန်ခဲ့တာတွေကြောင့် သူနဲ့ Crash တို့ကြားက ဆက်ဆံရေးယိုယွင်းလာခဲ့ပါတယ်။ Crash ဟာလည်း ကြာလေစိတ်ထိခိုက်လေဖြစ်ပြီး သူ့မွေးစားသားက ငကြောက်ဆိုပြီး ထုတ်ပြောလာခဲ့အထိပါပဲ။ ဒါပေမဲ့လည်း John က ညဘက်တွေမှာ ဆိုင်ကယ်စီးကျင့်နေခဲ့ပြီး သူ့ဆရာထက် ပိုတော်လာတဲ့အထိ ကြိုးစားခဲ့ပါတယ်။ အဲလိုပဲ သူများတွေမသိအောင် Roxanne နဲ့လည်း ချစ်ကြိုက်နေခဲ့ပါတယ်။ တစ်ရက်မှာ Crash က သူကင်ဆာဖြစ်နေလို့ သေတော့မှာဖြစ်ပြီး တစ်ချိန်လောက် Show မှာ ပါဝင်ပေးဖို့တောင်းဆိုပေမဲ့ Johnny က ငြင်းပယ်ခဲ့ပါတယ်။ ဒါနဲ့ပဲ Roxanne လည်းစိတ်ပျက်လက်ပျက်တွေ ဖြစ်သွားတဲ့အတွက် Johnny တစ်ယောက် မှော်နဲ့ပတ်သက်တဲ့ အဖြေတွေရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါနဲ့ပဲ သူသင်ကြားမိခဲ့တဲ့ spell တစ်ခုက Satan ကိုခေါ်လို့ရခဲ့ပါတယ်။ ဒါပေမဲ့ သူခေါ်လို့ရောက်လာခဲ့တဲ့သူကတော့ သူ့အမေ Naomi ကို လှည့်ဖြားခဲ့တဲ့ Mephisto ပဲဖြစ်ပြီး Crash ရဲ့ ကင်ဆာရောဂါပျောက်အောင်ကုပေးဖို့နဲ့ အပြန်အလှန်အနေနဲ့ Johnny ရဲ့ အလုပ်အကျွေးပြုမှုတို့နဲ့ အပေးအယူလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲနောက် ချက်ချင်းဆိုသလိုပဲ Crash တစ်ယောက် ကား 22 စီးပေါ်က ခုန်ကျော်ပြီး ကမ္ဘာစံချိန်တင်ဖို့ကြိုးစားရာက မအောင်မြင်ပဲ သေသွားခဲ့ပါတယ်။ ဒါနဲ့ပဲ သူ့မွေးစားအဖေကိုပါ ဆုံးရှုးံခဲ့ရလို့ Crash ကို ဂုဏ်ပြုတဲ့အနေနဲ့ သူကိုယ်တိုင် ကား 22 စီးပေါ်က ခုန်ကျော်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။

grider-comic-transform

Crash သေဆုံးပြီးနောက်တစ်ညမှတော့ Johnny ဟာ မီးတွေတောက်လောင်ပြီး အရိုးစုကြီးဖြစ်သွားခဲ့ပါတယ်။ အစကတော့ ဒါက သူ့ကိုယ်တွင်းမှာရှိနေတဲ့ မကောင်းစိတ် မကောင်းဆိုးဝါးကြောင့်ဖြစ်တာလို့ထင်ခဲ့ပေမဲ့ တကယ်တော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုနဲ့ မကောင်းဆိုးဝါးစွမ်းအင်နဲ့ Johnny တို့ပေါင်းစပ်ဖြစ်ပေါ်လာတာကပဲ Ghost Rider ဖြစ်လာခဲ့ပြီး ဆရာသမား Mephisto ကတော့ ကြည့်ပြီးအားရကျေနပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ညဘက်တွေမှာ Ghost Rider ဖြစ်ဖြစ်နေခဲ့တဲ့ John Blaze ဟာ Satan’s Servants လို့ခေါ်တဲ့ ဆိုင်ကယ်ဂိုဏ်းတစ်ခုနဲ့ နီးစပ်ခဲ့ပြီး သူတို့ခေါင်းဆောင် Curly Samuels နဲ့လည်း ခင်မင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင် Johnny သိလိုက်ရတာက Curly Samuels ရဲ့ကိုယ်အတွင်းမှာ သူ့မွေးစားအဖေ Crash Simpson ရဲ့ ဝိဥာဉ်ရှိနေတာကိုပါ။ Mephisto က Crash ကို ဘဝသစ်ပေးထားတဲ့သဘောဖြစ်ပါတယ်။ ဒါနဲ့ Ghost Rider ရဲ့ ဝိဥာဉ်ဟာ ငရဲပြည်ရောက်သွားခဲ့ပြီး အဲမှာရှိတဲ့ Crash ရဲ့ ချစ်ခြင်းနဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ စိတ်တွေကို ပြန်နှိုးဆွပေးနိုင်ခဲ့ပါတယ်။ ဒါနဲ့ Crash က Ghost Rider သူ့သမီးကိုကာကွယ်ပေးဖို့အတွက် ကတိပေးခိုင်း၊ သူကိုယ်တိုင်ကတော့ အသေခံပြီး Ghost Rider ကို ငရဲက လွတ်အောင် လုပ်ပေးခဲ့ပါတယ်။

ghost-rider-22

ဒီလိုနဲ့ John နဲ့ Roxanne တို့ဟာ US ရဲ့ အနောက်မြောက်ဘက်ကို ခရီးထွက်ခဲ့ပြီး Ghost Rider ဟာ Satanist တွေဖြစ်တဲ့ Witch Woman, Linda Littletrees စသူတို့နဲ့ ရင်ဆိုင်ဖြစ်ခဲ့ပြီး Satan ရဲ့သားဖြစ်သူ Daimon Hellstrom နဲ့လည်း တိုက်ခိုက်ခဲ့ပါတယ်။ John Blaze ကလည်း နောက်ပိုင်းတွေမှာ Mephisto နဲ့ လွတ်နိုင်သမျှ လွတ်အောင် ရှောင်နေခဲ့ပြီး Roxanne ကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ကြားမှာ ပြဿနာပေါင်းစုံလည်းတက်၊ Ghost Rider အပေါ်မှာလည်း ထိန်းချုပ်နိုင်စွမ်းတွေလျော့နည်းလာလို့ John Blaze ဟာ Roxanne ကိုထားခဲ့ပြီး တစ်ကိုယ်တည်း လေလွင့်နေခဲ့ပါတယ်။ အဲကြားထဲမှာတော့ Blaze က Black Widow, Angel, Iceman, Hercules တို့နဲ့ တွေ့ဆုံ လှုပ်ရှားဖြစ်ခဲ့ပြီး Champions ဆိုတဲ့အဖွဲ့ကို စုပေါင်းတည်ထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဖွဲ့ကြားထဲမှာပဲ တင်းမါမှုတွေလည်းရှိနေတဲ့အပြင် Blaze ကိုယ်တိုင်ကလည်း တစ်ကိုယ်တည်းလှုပ်ရှားရတာပိုအဆင်ပြေတဲ့သူမို့လို့ Champions အဖွဲ့ဟာ အဖွဲ့အဖြစ်နဲ့ သိပ်ကြာကြာမခံလိုက်ပဲ ပျက်သွားခဲ့ပါတယ်။

အဲအချိန်မှာပဲ Ghost Rider ရဲ့ မကောင်းတဲ့စိတ်ဟာ ပိုလွှမ်းမိုးလာပြီး Blaze ဟာလည်း ထိန်းချုပ်ဖို့တော်တော်ကို ကြိုးစားနေရပါတယ်။ Stunt သမားတစ်ယောက်အဖြစ်နဲ့လည်း ရပ်တည်ဖို့ခက်ခဲလာခဲ့ပြီး စိမ်ခေါ်ပွဲတွေ ဆက်တိုက်ရှုံးနိမ့်လာခဲ့လို့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို စွန့်လွှတ်လိုက်ရတဲ့အထိပါပဲ။ စိတ်ဓါတ်ကျနေတဲ့ Blaze ဟာ Quentin Carnival ပွဲကိုဝင်ဖြစ်ခဲ့ပြီး စိတ်ပြန်လည်အေးချမ်းခဲ့ပါတယ်။ သူငယ်ငယ်က မှတ်ဥာဏ်တွေမမှတ်မိတော့တဲ့အတွက် Quentin Carnival ကိုလည်း မသိတော့သလို ရင်းနှီးမှုတွေလည်းမရှိတော့ပါဘူး။ Carnival မှာတွေ့ခဲ့တဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ Red Fowler နဲ့ခင်မင်ခဲ့တယ်။ Carnival နဲ့ လျှောက်လိုက်ဖြစ်နေခဲ့တဲ့အတောအတွင်း ဝိဥာဉ်တွေကိုစားသုံး အသက်ရှင်နေတဲ့ Centurious နဲ့ ပြဿနာဖြစ် ရင်ဆိုင်ခဲ့ရရာက Ghost Rider ရဲ့ ဆိုးသွမ်းလှတဲ့ မှတ်ဥာဏ်တွေကို မြင်လာရပါတယ်။ Nightmare ဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကြောင့်လည်း John အဖမ်းခံခဲ့ရပြီး သူ့ကိုယ်တွင်းမှာရှိနေတဲ့ မကောင်းဆိုးဝါးက Zarathos ဖြစ်နေတာ သိလိုက်ရပါတယ်။

Zarathos

Zarathos

ဒါနဲ့ သူ့ခန္ဒာကိုယ်ရဲ့ လွှမ်းမိုးမှုအတွက် Blaze နဲ့ Zarathos တို့အကြား အားပြိုင်ခဲ့ကြရင်း သိလိုက်ရတာက သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးတဲ့ Centurious နဲ့ Zarathos ကြားမှာလည်း ရန်စရှိတယ်ဆိုတာပါ။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Centurious နဲ့ Zarathos တို့က Crystal of Souls ထဲမှာ ပိတ်မိသွားခဲ့ပြီး John Blaze တစ်ယောက် လွတ်မြောက်သွားခဲ့ပါတယ်။ သူ့သူငယ်ချင်း Angel ရဲ့ ရက်ရောမှုကြောင့် Blaze ဟာ Carnival ကိုဝယ်လိုက်နိုင်ခဲ့ပြီး Roxanne နဲ့ လက်ထပ်ခဲ့ပါတယ်။ Craig နဲ့ Emma ဆိုတဲ့ ကလေးနှစ်ယောက်ရခဲ့ပါတယ်။


Hell fire breath

Hell fire breath (Ghost Rider: Spirit of Vengeance 2011)

Powers

အစပိုင်း John Blaze တစ်ယောက် Ghost Rider အဖြစ် အသွင်ပြောင်းတုန်းက သူ့ခန္ဒာကိုယ်ပဲပြောင်းပြီး အဝတ်အစားတွေက ပြောင်းလဲခြင်းမရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်း incarnation အသစ်မှာတော့ သူ့အဝတ်တွေမှာပါ ဆူးချွန်တွေ ထွက်ပြီး သားရေအင်္ကျီတို့ သံချိန်းကြိုးတို့နဲ့ဖြစ်ပါတယ်။ Ghost Rider အနေနဲ့ သူစီးတဲ့ ဆိုင်ကယ်ကို ကျိန်စာသင့်အောင်လုပ်ပြီး ငရဲမီးတွေတောက်နေတဲ့ ဆိုင်ကယ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ အဲအပြင် ငရဲမီးနဲ့လည်း ပစ်လွှတ်နိုင်ပြီး အဲငရဲမီးက ထိတဲ့လူရဲ့ ဝိဥာဉ်ကိုပဲ လောင်ကျွမ်းစေတာဖြစ်ပြီး ပြင်ပခန္ဒာကိုယ်မှာ လောင်ကျွမ်းမှုတွေ မဖြစ်စေပါဘူး။ သူ့ incarnation အသစ်မှာတော့ Blaze ဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး hero တစ်ယောက်လို့ပြောလို့ရအောင် အင်အားကြီးလာပါတယ်။ World War Hulk series တွေထဲမှာ Doctor Strange ပြောပုံအရ Ghost Rider က အပြစ်ကင်းသူတွေကို ကာကွယ်တဲ့သူဖြစ်ပြီး သူ့ကိုတောင် အနိုင်ယူနိုင်လောက်တယ်လို့ ပြောခဲ့ပါတယ်။ Blaze မှာ shotgun တစ်လက်ရှိပြီး ငရဲမီးနဲ့ ပစ်လို့ရပါတယ်။ အဲအပြင် ငရဲမီးနဲ့မှုတ်တာ၊ လည်ပင်းနဲ့ ရင်ဘတ်တို့ထဲက သံချိန်းကြိုးတွေထုတ်လို့ရတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *