Loki (Marvel Comics)

slide

Loki ဟာ Marvel Comics ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး Thor တို့နဲ့အတူ ရှေးခေတ် Norse နတ်ဘုရားတွေကို မှီငြိမ်းထားတာဖြစ်ပါတယ်။ Loki ကို 1949 ခုနစ်မှာ စတွေ့ခဲ့ရတာဖြစ်ပြီး Stan Lee နဲ့ Larry Lieber, Jack Kirby တို့က ဖန်တီးခဲ့တာဖြစ်ပါတယ်။ Loki ကို ပုံမှန်အားဖြင့် supervillain အဖြစ်နဲ့ မြင်တွေ့ရလေ့ရှိပြီး တစ်ခါတစ်လေမှာတော့ antihero လည်း ဖြစ်လေ့ရှိပါတယ်။


Bor

History of Loki

ဟိုးရှေးခေတ် နှစ်ပေါင်းများစွာအကြာက Asgard ရဲ့ အရှင်သခင် Bor ဟာ Frost giant တို့နဲ့ စစ်ခင်းရင်းနဲ့ မှော်ဆရာကြီးတစ်ယောက်ရဲ့ အငိုက် တိုက်ခိုက်မှုကြောင့် Bor ဟာ နှင်းထုအဖြစ်ကို ပြောင်းသွားခဲ့ရပါတယ်။ လေနဲ့အတူ တစ်စစီလွင့်မျောစပြုနေတဲ့ Bor က မှော်ဆရာကြီးကိုရှာပြီး သူ့ကိုကယ်တင်ဖို့ သားဖြစ်သူ Odin ကို တောင်းပန်ခဲ့ပေမဲ့ Odin က မကယ်ခဲ့ဘဲနေခဲ့ပါတယ်။ အဲအတွက် Bor က သားဖြစ်သူကို မင်းဟာ ကျရှုံးသူ ဘုရင်တစ်ယောက်ရဲ့သားကို ကိုယ့်သားလိုမွေးရလိမ့်မယ် ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။

Odin

နောက်တစ်ပတ်တောင် မကြာသေးပါဘူး။ Odin ကိုယ်တိုင် Asgardian တွေကို ဦးဆောင်ပြီး frost giant တွေကို တိုက်ခိုက်ရင်း frost giant တို့ရဲ့ ဘုရင် Laufey ကို ကိုယ်တိုင် တစ်ဦးချင်းတွေ့ပြီး နှိမ်နှင်းအောင်မြင်ခဲ့ပါတယ်။ Laufey ကိုသတ်ပြီးနောက်မှာတော့ frost giant တို့ရဲ့ ခံတပ်ကြီးထဲမှာ Asgardian တို့အရွယ်သာသာပဲရှိတဲ့ frost giant ကလေးလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ အဲကလေးဟာ Laufey ရဲ့ သားဖြစ်ပြီး သူ့သားက Frost giant တွေထက် အရွယ်အစား အရမ်းသေးငယ်လို့ဆိုပြီး ရှက်လို့ ကလေးကိုဖွက်ထားခဲ့တာဖြစ်ပါတယ်။ အဲမှာ Odin က သနားတာလည်းပါ၊ သူ့အဖေစိတ်ချမ်းသာရာရအောင်လည်းပါဆိုပြီး ကလေးကို သူ့သားအရင်း Thor နဲ့ အတူ မွေးခဲ့ပါတယ်။

Young Loki

ကလေးဘဝတစ်လျှောက်လုံးမှာ Loki က Asgardian တို့ရဲ့ အနှိမ်တောက်လျှောက်ခံခဲ့ရပါတယ်။ Asgard တို့ ထုံးစံအရ ကျန်းမာသန်စွမ်း၊ သူရသတ္တိနဲ့ပြည့်စုံတဲ့သူကိုပဲ သဘောကျ နှစ်ခြိုက်ကြပြီး Thor က အဲနေရာမှာ အကုန်ထူးချွန်သလောက် Loki က မပြည့်စုံခဲ့လို့ဖြစ်ပါတယ်။ သူ့မှာ အရွယ်အစားအရရော၊ သန်မာမှုအရမှာပါ နည်းပါးခဲ့လို့ သူ့မွေးရာပါ ပါရမီပါတဲ့ မှော်အတတ်ကိုပဲ လေ့ကျင့်ဖြစ်ခဲ့ပါတ်။ ဒီလိုနဲ့ ကြီးပြင်းလာတဲ့အခါ သူ့ရဲ့ မှော်အတတ်နဲ့ လှည့်စားလိမ်လည်မှုတွေက နာမည်ကျော်လာခဲ့လို့ God of Lies and Mischief ဆိုပြီး ခေါ်လာကြပါတယ်။

အကိုဖြစ်တဲ့ Thor ကိုပဲ အလေးထားဦးစားပေးခဲ့တယ်ဆိုပြီး Thor နဲ့ Odin ကို မကျေချမ်းနိုင်ခဲ့တဲ့ Loki က ဒုက္ခပေါင်းစုံပေးခဲ့ပါတယ်။ တစ်ခေါက်မှာ Odin က Thor ကို သူ့ရဲ့ လက်စွဲတော်ဖြစ်လာမဲ့ Mjolnir တူကြီးကို ပေးဖို့ လုပ်နေမှန်းသိတော့ လက်ကိုင်ကို အရမ်းတိုအောင် ကြားက ဝင်နှောင့်ခဲ့တယ်။ တူကြီးကို ဖန်တီးထုလုပ်နေတဲ့တစ်ချိန်လုံးမှာလည်း အဲဒါကို တစ်ရက် Thor ကိုင်ရမယ်မှန်းသိနေတော့ သူ့ကိုယ်ပိုင်လှည့်ကွက်တွေ သုံးလို့ရအောင်လို့ တူကြီးဖန်တီးမှုမှာ နှောင့်ယှက်ခဲ့ပါတယ်။

Loki နဲ့ Thor တို့ အသက်ငယ်ရွယ်ကြတုန်းကတော့ နှစ်ယောက်သား အတူတူ စွန့်စားခန်းတွေ သွားတတ်ကြပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာတော့ အတင်းလိုက်ပြိုင်နေတဲ့ Loki က သူ့အကိုထက်သာအောင် နည်းမျိုးစုံသုံးလေ့ရှိပါတယ်။ သူ့အကိုနဲ့ မိသားစုကို မကျေနပ်ဖူးဆိုပေမဲ့လည်း ငယ်ရွယ်စဉ်ကတော့ မိသားစုကို တော်တော်ကူညီခဲ့ပါတယ်။ ဥပမာ မှော်ဆရာမကြီး Karnilla က Asgard ကို တိုက်ခိုက်ဖို့ လုပ်တာကို Loki ကြိုသိသွားတော့ သူ့ကို ပူးပေါင်းပါဝင်ဖို့ Karnilla က ပြောပေမဲ့ Loki က မပါခဲ့ဘဲ Asgardian တွေကို တိုက်ခိုက်မှုရှိတဲ့အကြောင်း အကြောင်းကြားခဲ့ပါတယ်။


God of Evil

Loki ရင့်ကျက်လာတာနဲ့အမျှ သူ့လုပ်ရပ်တွေက ဆိုးသွမ်းလာတဲ့အတွက် Odin က သူ့လုပ်ရပ်တွေကို နောင်တရ တရားရလာစေဖို့အတွက် အကျဉ်းချခဲ့ပါတယ်။ အကျဉ်းချတာမှာလည်း Loki ကို သစ်ပင်ထဲမှာ ပိတ်လှောင်ခဲ့တာဖြစ်ပြီး Loki အတွက် တစ်ယောက်ယောက် မျက်ရည်မကျမချင်း အကျဉ်းကျနေဖို့ဖြစ်ပါတယ်။ အဲမှာ Loki က သစ်ရွက်တစ်ရွက်ကို Bifrost ကို စောင့်တဲ့ Heimdall ရဲ့ မျက်လုံးကို ဝင်ရောက်တိုက်မိစေခဲ့ပြီး Heimdall မျက်ရည်ကျအောင် လုပ်ခဲ့လို့ လွတ်သွားခဲ့တယ်။ နောက်ပိုင်းတွေမှာလည်း Asgard မှာ Loki ရဲ့ ရာဇဝတ်မှု အမှုတွေ ပုံထပ်လာခဲ့ပြီး ခနခန နယ်နှင်အပြစ်ဒဏ်ပေးခံခဲ့ရတယ်။ Sorcerer Eldred နဲ့တွေ့ပြီး Black Magic ကို သင်ကြားဖြစ်ခဲ့တယ်။

နောက်တော့ Loki ဟာ Thor အပေါ်မှာ အသာစီးရယူလာနိုင်ခဲ့တယ်။ ဘယ်အချိန်တွေလဲဆို Odin က Thor ကို Dr Donald Blake အဖြစ်နဲ့ ကမ္ဘာမြေပေါ် လွှတ်ထားတဲ့ အချိန်တွေမှာပါ။ Blake ဟာ Mjolnir ကိုအသုံးပြုပြီး Thor အဖြစ်ပြောင်းနိုင်ပေမဲ့ Loki က Blake ရဲ့ လူသားဆန်တဲ့ အားနည်းချက်တွေကို အသုံးပြုပြီး အနိုင်ယူလာခဲ့တဲ့အပြင် Thor ကို ဒုက္ခပေးဖို့ သူ့လူတွေကိုပါ ကမ္ဘာပေါ်မှာ ထားရှိခဲ့တယ်။  တစ်ချိန်မှာလည်း Loki က Thor နဲ့ Hulk ကို ထိပ်တိုက်တွေ့ပေးဖို့အတွက်ဆိုပြီး Fantastic Four တို့ဆီပို့တဲ့ အရေးပေါ်သတင်းကို Blake ရဲ့ ရုံးခန်းကို လမ်းလွှဲပေးလိုက်တယ်။ ဒါပေမဲ့ အဲပေးပို့တဲ့ သတင်းကို Wasp, Yellowjacket နဲ့ Iron Man တို့ပါ ရရှိသွားပြီး Loki က ပြဿနာရှာနေမှန်းသိသွားတယ်။ ဒါနဲ့ Hulk နဲ့ပါပေါင်းပြီး Loki ကို ပြန်တိုက်ကြလို့ Loki ရှုံးသွားတဲ့အပြင် နောက်ပိုင်း သူ့လိုရန်တွေကိုကာကွယ်ဖို့ဆိုပြီး Avengers အဖွဲ့ကို ဖွဲ့စည်းခဲ့ကြလို့ Loki တစ်ယောက် တော်တော်စိတ်ပျက်ခဲ့တယ်။

တစ်ချိန်မှာ Loki ဟာ ရုပ်ဖျက်ပြီး Supervillain တွေကို စုရုံးခဲ့ပါတယ်။ နောက် Avengers တွေအပါအဝင် တခြား superhero တွေကို တိုက်ခိုက်ခဲ့တယ်။ West Coast နဲ့ East Coast Avengers ပူးပေါင်းအဖွဲ့ကို ရင်ဆိုင်ခဲ့ရလို့  ရှုံးနိုမ့်ခဲ့ပြီးနောက်တော့ Thor လက်ချက်နဲ့ Loki သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကို ပြုပြင်မှုတွေလုပ်ခဲ့လို့ ပြန်ထခဲ့ပါတယ်။


Powers and Abilities

Loki ဟာ Jotunheim က Frost Giant တို့ရဲ့ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပါတယ်။ Giant ပုံမဟုတ်တာကလွဲရင် သူ့မှာ Frost giant တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေအကုန်ရှိပါတယ်။ အဲဒါတွေကတော့ မြင့်မားတဲ့ သန်မာမှု၊ သက်လုံကောင်းမှု၊ လျှင်မြန်မှု၊ ခံနိုင်ရည် အကုန်ပါပါတယ်။ Caliber အမြင့်ကျည်ဆံတွေကို နာကျင်မှုမရှိဘဲ ခံနိုင်ရည်ရှိသလို အသက်အရွယ်မကြီးမရင့်၊ ရှိသမျှ ရောဂါ အဆိပ် အကုန်လုံးကို ခံနိုင်ရည်ရှိပါတယ်။ Genius အဆင့်ရှိ ဥာဏ်ရည်ရှိပြီး သူ့ရဲ့ မှော်အတတ်မှာ အပြင်းအထန်လေ့ကျင့် လေ့လာမှုတွေ ရှိထားလို့ မှော်စွမ်းအင်ကိုသုံးပြီး စွမ်းအင်နဲ့ ပစ်လွှတ်တာ၊ force field နဲ့ ကာတာ၊ သန်စွမ်းမှုကို မြှင့်တင်တာ၊ သက်ရှိနဲ့ အရာဝတ္ထုတွေကို မလှုပ်နိုင်အောင်လုပ်တာတို့အပြင် ပျံသန်းတာ၊ စိတ်ညှို့တာ၊ dimension တွေကျော်ပြီး teleport လုပ်နိုင်ပါတယ်။

မှော်အတတ်မှာတော့ Loki ဟာ Asgard မှာ အကြမ်းဆုံး မှော်ဆရာမကြီး Kanilla နဲ့ တန်းတူလောက်ရှိပြီး သူ့လှည့်ကွက်တွေက မြို့လုံးကျွတ် လှည့်စားခံရတဲ့အထိ လုပ်နိုင်ပါတယ်။ နောက် Loki ဟာ အရမ်းကိုဝေးကွာတဲ့ နေရာတွေအထိ သူ့အတွေးကို ဆန့်နိုင်ပြီး အဲမှာရှိတဲ့ သက်ရှိတွေကို စိုးမိုးနိုင်ပါတယ်။ ဥပမာ Asgard နဲ့ ကမ္ဘာလောက်ထိ ဝေးတဲ့ အကွာအဝေးက လူတွေရဲ့ လုပ်ဆောင်ချက်တွေကို သူ့သဘောအတိုင် လုပ်လာအောင် လှည့်ဖျားနိုင်ပါတယ်။ လူတစ်ယောက်က မကောင်းတဲ့ အတွေးတွေ အကြံတွေ ရှိနေပြီဆိုရင် Loki က အဲလူရဲ့ လုပ်ရပ်တွေကို သူ့စိတ်နဲ့ စိုးမိုးပြီး ပိုဆိုးအောင် လုပ်နိုင်တယ်။ အတွေးတွေတင်ကိုမက radio လှိုင်းတွေကိုလမ်းလွှဲတာတို့ ဒုံးကျည်ကိုလမ်းလွှဲတာတို့လည်း လုပ်နိုင်ပါတယ်။

Shapeshifter တစ်ယောက်လည်းဖြစ်တဲ့ Loki ဟာ သူ့ကိုယ်သူ မြင်းတို့ ငါးတို့အထိ ပုံပြောင်းပစ်နိုင်ပါတယ်။ အဲလိုပဲ တခြားလူတွေပုံ ဥပမာ Thor တို့ Captain America တို့အသွင်ကိုပါ ယူနိုင်တယ်။ ဒါပေမဲ့ သူပုံပြောင်းလိုက်တယ်ဆိုတိုင်း ပြောင်းလိုက်တဲ့ပုံပန်းရဲ့ စွမ်းအင်တွေကိုတော့ အကုန်မရပါဘူး။ အသေးအမွှားတွေဖြစ်တဲ့ ဥပမာ ငှက်ပုံပြောင်းလို့ ပျံနိုင်တာမျိုးတွေတော့ ရပါတယ်။ အဲအပြင် တိမ်တွေကိုလည်း နဂါးအဖြစ်ပြောင်းပစ်တာ၊ သစ်ပင်တွေနဲ့ Thor ကို တိုက်ခိုက်တာတွေ လုပ်ဖူးပါတယ်။


Ref; Marvel Wiki

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *