Star Wars Day!!

slide

ယနေ့ May လ 4 ရက်နေ့ဟာ Star Wars Day ဖြစ်ပါတယ်။ ဒါရိုက်တာ George Lucas ဖန်တီးခဲ့တဲ့ Star Wars ရုပ်ရှင်ကို သဘောကျကြတဲ့ Fan တွေဟာ ရုပ်ရှင်မှာပါတဲ့ “May the force be with you” ဆိုတဲ့ နာမည်ကျော်စကားကို May the Fourth ရက်နေ့နဲ့ ကိုက်တာကြောင့် “May the Fourth be with you” ဆိုပြီး Unofficial Star Wars Day ဖြစ်လာခဲ့ပါတယ်။ ဒီနေ့အချိန်ဆို US အပါအဝင် နိုင်ငံအချို့မှာတော့ Star Wars နဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေ fan တွေ့ဆုံပွဲစတာတွေ ကျင်းပလေ့ရှိပါတယ်။

May the Fourth ကိစ္စ စဖြစ်ခဲ့တာကတော့ 1979, May 4 လောက်ကလို့ဆိုပါတယ်။ Margaret Thatcher ဟာ အင်္ဂလန်ဝန်ကြီးချုပ်အဖြစ် ရုံးစထိုင်တဲ့နေ့ပါ။ အဲမှာ Danish သတင်းကြေငြာသူတစ်ယောက်က London Evening News ထဲမှာ “May the Fourth be with You, Maggie. Congratulations” ဆိုပြီး ဝမ်းမြောက်ကြောင်းထည့်ထားတယ်လို့ ပြောခဲ့ပါတယ်။

Star_Wars_Day_logo_3_gaoytt

May the Fourth က နာမည်ကြီးလာတဲ့အခါမှာတော့ May the Fifth ကိုလည်း Star Wars Episode III: Revenge of the Sith ကိုစွဲပြီး Revenge of the Fifth လို့ခေါ်လာကြပြန်ပါသေးတယ်။ အဲလိုပဲ May 6 ကိုလည်း Sith Day လို့ခေါ်ကြပါသေးတယ်။

ပိတ်သတ်ကြီးထဲမှာလည်း Star Wars Fan တွေရှိကြမှာပါ။ အားလုံးပဲ May the Fourth be with YOU!

Star Wars Saga ရဲ့ ဇာလမ်းများအကြောင်းဖတ်ချင်ရင် အောက်က Link မှဝင်ဖတ်နိုင်ပါတယ်။

http://www.datshin.com/special/star-wars-original-trilogy/

http://www.datshin.com/special/star-wars-prequels/

#starwarsday #maythefourth

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *