Daredevil (Netflix Series)

slide

ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် မျက်စိကွယ် အာရုံတစ်ပါးလျော့ခဲ့ပေမဲ့ ကျန်တဲ့ အာရုံတွေရဲ့ ထိတွေ့နိုင်စွမ်းတွေ အဆမတန်မြင့်တက်ခဲ့လို့ မျက်မမြင်ပေမဲ့ လူတွေထက် ပိုမြင်တွေ့နေနိုင်ခဲ့တဲ့ Mutt Murdock ဆိုတဲ့ကောင်လေးတစ်ယောက်၊ အရွယ်ရောက်လာတော့ ရှေ့နေတစ်ယောက်အဖြစ် ဥာဏ်စွမ်းနဲ့တစ်မျိုး၊ ညဘက်မှာ မျက်နှာဖုံးစွပ် လူကြမ်းတစ်ယောက်အဖြစ်နဲ့တစ်မျိုး ဒုစရိုက်မှုတွေကိုလိုက်ရှင်းပါတယ်။


Review

Netflix ရဲ့ MCU နဲ့ချိတ်ထားတဲ့ ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ MCU ဆိုတော့ ထုံးစံအတိုင်း အရောင်အသွေး စုံစုံလင်လင် ကြည်လင်ပြတ်သားပြီး ပေါ့ပေါ့ပါးပါးနိုင်တဲ့ Superhero ကြီးဆိုတဲ့ တင်ဆက်မှုလို့မြင်မယ်ဆိုရင်တော့ မဟုတ်ပါဘူး။ Daredevil ဇာတ်လမ်းတွဲဟာ MCU ထဲမှာ Dark အဖြစ်ဆုံးနဲ့ brutal အဖြစ်ဆုံး ဇာတ်လမ်းတွဲလို့ပြောနိုင်သလို ကျွန်တော့အမြင်မှာ MCU ရဲ့ ရုပ်ရှင်ကားကြီးတွေထက်ကို အများကြီးပိုကောင်းတဲ့ဇာတ်ကား(တွဲ)ပါ။ (ကျော့်အကြိုက်ဆိုရင်ပေါ့)။

Daredevil ဟာ MCU နဲ့ ချိတ်တယ်ဆိုပေမဲ့ Marvel’s Agents of SHIELD ဇာတ်လမ်းတွဲတွေလိုမျိုးမဟုတ်ဘဲ ချိတ်တယ်ဆိုရုံလောက်ပဲ ချိတ်ထားပါတယ်။ ဆိုတော့ ဇာတ်လမ်းတင်ဆက်မှုပိုင်းတွေမှာ အများကြီးလွတ်လပ်မှုရှိတယ်။ Theme တွေ ဇာတ်လမ်းတွေမှာ လာမရှုပ်နေဘူး။ Iron Man တို့ SHIELD တို့တွေသုံးနေတတ်တဲ့ မီးရောင်စုံ fancy gadget တွေမပါဘူး။ Rader sense ရှိတယ်ဆိုလို့ အရင်ထွက်ခဲ့တဲ့ Ben Affleck ရဲ့ ရုပ်ရှင်ထဲကလို Mutt Murdock ရဲ့ superpower တွေ လူမြင်ကောင်းအောင် ပြမထားဘူး။ နောက် တခြားကားနဲ့ နှိုင်းရမယ်ဆိုရင် Christopher Nolan ရဲ့ Dark Knight Trilogy ပုံစံမျိုးသွားထားတယ်။ ရှုပ်ထွေးနက်နဲတယ်၊ dark ဖြစ်တယ်၊ realistic ဖြစ်တယ်။ ရှေ့နေတွေဖြစ်တဲ့အလျောက် အမှုအခင်းတွေနဲ့ စကားပြောတာတွေက ပိုများတော့ ပုံမှန်ကြည့်တဲ့သူတွေအတွက်တော့ အီနေပါလိမ့်မယ်။

Series ရဲ့ အကောင်းဆုံးနဲ့ နာမည်အကြီးဆုံးအကွက်တစ်ခုကိုပြောရမယ်ဆိုရင် Fight scene တွေပါ။ သာမန် Superhero ကားတွေမှာလို ဇာတ်လိုက် superhero က တစ်ချက်လောက် ခြေဖျားနဲ့တို့လိုက်ရင် ပြန်မထတော့တာမျိုး၊ တစ်ယောက်ထဲနဲ့ တစ်ဒါဇင်လောက်ကို မည်ကဲ့သိုလုပ်လိုက်သည်မသိ အကွက်တွေခင်းလိုက်တာမျိုး OP ကြီးလုပ်မထားဘူး။ Daredevil ဆိုတဲ့အတိုင်း ကြမ်းတယ်၊ ရမ်းတယ်၊ သွေးထွက်သံယို ကွဲပြဲကျိုးကန်းနေအောင် ဗြင်းတယ်။ သူကိုယ်တိုင်ကလည်း သွေးထွက်သံယို ပြန်ခံရသလို မောလို့ အသက်ပြန်ရှူနေရတဲ့အကွက်တွေလည်းရှိတယ်။ အဲဒါတွေအပြင် cinematography, choreography နဲ့ stunt တို့ရဲ့ လှပသလောက် ပီပြင် ကြမ်းတမ်းတဲ့အကွက်တွေကြောင့် Daredevil ရဲ့ fight scene တွေဟာ ထွက်ပြီးသမျှ ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးတွေထဲမှာ ပါခဲ့ပါတယ်။ နီးစပ်ရာ နှိုင်းရရင် MCU ရဲ့ Captain America: Winter Soldier နဲ့ Civil War ထဲက ချခန်းတွေ ကြမ်းတယ်ဆိုတာ Mutt Murdock အိပ်နေသလောက်ပဲရှိတယ်။ Fight scene တွေကို Winter Soldier မှာ Chris Evan ရဲ့ Stunt Double လုပ်ခဲ့တဲ့ Chris Brewster ကပဲ Daredevil Double အဖြစ်ဝင်ထားသလို မင်းသား Charlie Cox ကလည်း Stunt တွေတော်တော်များများ ကိုယ်တိုင်ဝင်ပါထားတယ်။

ဒါပေမဲ့ ကျွန်တော် Daredevil Series ရဲ့ အကြိုက်ဆုံးဟာကတော့ သူ့ရဲ့ plot နဲ့ character development ပိုင်းပါ။ ဇာတ်လမ်းတွဲဖြစ်တဲ့အလျောက် အဓိကဇာတ်ကောင်တွေကို တဖြည်းဖြည်း အချိန်ယူပြီးပုံဖော်ထားနိုင်တယ်။ အထူးသဖြင့် Villain ကြီး Wilson Fisk (Kingpin) ပါ။ သာမန် comic book villain တွေလို ကမ္ဘာကြီးကို ကြီးစိုးဖို့၊ ချစ်တဲ့လူအတွက် လက်စားချေဖို့၊ စမ်းသပ်ရင်း မှားသွားလို့ စတဲ့ ငါက ဆိုးကိုဆိုးတယ်ကွာ ဆိုတဲ့တစ်ဖက်သက် အလွယ်တွေမဟုတ်ဘူး။ Crime lord ကြီးဖြစ်ပေမဲ့အလျောက် သူကိုယ်တိုင်လည်း လူဖြစ်နေတဲ့အတွက် သူ့မှာလည်း သူ့ခံစားချက်၊ သူ့အတိတ်၊ သူ့အရည်အချင်း သူ့ quality အကုန်လုံးကို သေချာပြထားတယ်။ အဲအတွက် ကျွန်တော်ဆို အဲထဲက villain တစ်ယောက်သေတာတောင် နှမျောသလိုဖြစ်ခဲ့တယ်။ နောက် ဇာတ်လမ်းတစ်လျှောက် တင်ဆက်ထားတဲ့အထဲမှာ ဇာတ်ကောင်တွေကိုယ်စီရဲ့ အတွေးအခေါ်တွေ ခံယူချက်တွေလည်းမျိုးစုံမြင်ရလို့ သာမန် ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေထက် တော်တော်ပညာသားပါပြီး သဘာဝကျတယ်။ Season 2 မှာ Punisher နဲ့တွေ့တော့ နှစ်ကောင်သား ကွဲပြားတဲ့ ခံယူချက်တွေရှိပေမဲ့ ဘယ်သူက မှန်တယ်မှားတယ် အတင်းလုပ်မထားတာလည်း သဘောကျတယ်။

Daredevil Series ဟာ ကျွန်တော်တို့သာမန် marvel superhero ကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ crime fighting ဘက်ကိုရောက်လို့ တော်တော်ကွဲထွက်ခဲ့တဲ့ series ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ရှုပ်ထွေးနက်နဲမှု၊ ပညာသားပါတဲ့ ရိုက်ချက်တွေနဲ့ အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေ၊ deep ဖြစ်တဲ့အတွေးအခေါ်တွေက သာမန် casual superhero ရုပ်ရှင်တွေထက် အများကြီးပိုတဲ့ အနှစ်သာရကို ပေးစွမ်းနိုင်မှာပါ။ Marvel Fan, Superhero fan တွေမဟုတ်ဘဲ ဇာတ်လမ်းတွဲကောင်းကောင်းကြည့်ချင်သူတွေ သဘောကျမှာပါ။

Daredevil Series ဟာ Season 2 အထိ ထွက်ထားပါတယ်။ Season 2 မှာ Punisher နဲ့ Elektra တို့ကို တွေ့ရမှာပါ။ အခုလည်း Punisher Series ကိုရိုက်တာ Season 1 ပြီးသွားပြီလို့ သိရပါတယ်။ နောက် Daredevil ဟာ တခြား Netflix ရဲ့ MCU Series တွေဖြစ်တဲ့ Jessica Jones, Luke Cage နဲ့ Iron Fist တို့နဲ့ တိုက်ရိုက်ချိတ်ထားတာဖြစ်ပြီး 2017 August မှာထွက်မဲ့ Defenders Series မှာ လေးယောက်သားတွဲမြင်ရမှာဖြစ်ပါတယ်။


Series Information:

Top Billed Cast: Charlie Cox, Deborah Ann Woll, Elden Henson, Vondie Curtis-Hall

Production: Marvel Television, ABC Studios

Distribution: Netflix

Original Release: April 2015-Present

Running Time: 48-61 mins

Episodes: 13 per Season


Series Rating:

Datshin: 4.2/5

IMDB: 8.7/10

Rotten Tomatoes: 98%

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *