King Arthur: Legend of the Sword (2017)

slide

Camelot တိုင်းပြည်က ဘုရင်ကြီး Uther Pendragon ဟာ ညီဖြစ်သူ Vortigern ရဲ့လုပ်ကြံမှုခံခဲ့ရပေမဲ့ သားတော် Arthur Pendragon က ထွက်ပြေးလွတ်မြောက်သွားပါတယ်။ Arthur ဟာ ဒီလိုနဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ ကြီးပြင်းခဲ့ရပြီး သူငယ်ငယ်ကအဖြစ်အပျက်တွေကို မမှတ်မိသလောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ တစ်ရက် Pendragon မျိုးနွယ်သာ ကိုင်ဆောင်နိုင်တဲ့ ကျောက်တုံးမှာစိုက်နေတဲ့ Excalibur မှော်ဝင်ဓါးကို နုတ်ယူနိုင်ခဲ့အပြီးမှာတော့ သူ့ဘဝကိုသာမက ပြည်သူတွေနဲ့ တိုင်းပြည်တစ်ခုလုံးကိုပါ အမှောင်ကျ ပျက်စီးဖို့လုပ်ဆောင်ခဲ့တဲ့ ဦးရီးတော်ကို ပြန်ရင်ဆိုင်ပြီး ထီးနန်းပြန်ရဖို့ ကြိုးစားပါတယ်။


Review

အေဒီ ၆ ရာစု လောက်ကတည်းက ဇာတ်လမ်းစခဲ့တဲ့ King Arthur ရဲ့ ပုံပြင်ကိုမှီငြမ်းပုံဖော်ထားတဲ့ နောက်ထပ်ကားတစ်ကားပါ။ WB ရဲ့ ရည်မှန်းချက်ကြီးတဲ့ Universe တစ်ခုဖန်တီးဖို့လုပ်တဲ့ ကားလည်းဖြစ်ပါတယ်။ King Arthur ရဲ့ legend တွေကို ဝတ္တု၊ ပုံပြင်၊ ရုပ်ရှင်တို့ များစွာနဲ့ ပုံဖော်ခဲ့ကြတဲ့အထဲမှာ ဒီကားဟာ တော်တော်ကို ကို့ယို့ကားယားနိုင်ခဲ့တဲ့ ပုံဖော်မှုပါပဲ။

ရုပ်ရှင်ကို Rating တွေအရရော ဝင်ငွေအရမှာပါ မြင်မကောင်းအောင် ကျရှုံးစေခဲ့တဲ့ အချက်တွေမပြောခင် အရင်ဆုံးဒီကားမှာ သဘောကျမိတာတွေ ပြောရမယ်ထင်တယ်။ ရုပ်ရှင်ရဲ့ Tone နဲ့ theme က တော်တော်လေးကောင်းပါတယ်။ အရမ်း ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ dark လည်းဖြစ် realistic လည်းဖြစ်တဲ့ဘက်သွားထားတယ်။ Character နဲ့ production design စတာတွေ အားလုံးနီးပါး မိုက်တယ်။ Fantasy ကားတော်တော်များများလို ဖြစ်သလိုလုပ်မထားဘူး။ CGI တွေလည်း တော်တော်အားရဖို့ကောင်းတယ်။ နောက်ခံ သီချင်းနဲ့ တီးလုံးတွေကိုလည်း တော်တော်သဘောကျပါတယ်။ ဇာတ်လမ်းအရလည်း King Arthur ဇာတ်လမ်းတွေနဲ့ တော်တော်လေး သွေဖီနေပေမဲ့ သူ့ဟာနဲ့သူ တော်တော်လေးကောင်းတယ်။ The chosen one (ရုပ်ရှင်အရဆို Born King) ပုံစံတွေလိုပဲ cliché တွေပါတယ်။ ဒါကို ဘာမှ ထွေထွေထူးထူး လျှောက်လုပ်မနေဘဲ သာမန်ရုပ်ရှင်တွေလိုပဲ ရိုက်ခဲ့ရင် တော်တော်လေးမိုက်တဲ့ fantasy-epic ကားတစ်ကားဖြစ်လာနိုင်ခဲ့မှာပါ။

ဘယ်မှာသွားလွဲသလဲဆိုတော့ ရုပ်ရှင်ရဲ့ ဇာတ်ညွှန်း နဲ့ တင်ဆက်မှု presentation တွေဟာ ဇာတ်လမ်းနဲ့ တစ်စက်မှ မလိုက်ဖက်ပါဘူး။ King Arthur မူရင်းဇာတ်လမ်းတွေရော အခုကားရဲ့ ဇာတ်လမ်းကပါ တကယ့် serious ဇာတ်လမ်းပါ။ King Vortigern ရဲ့ ရက်စက်လှတဲ့ လုပ်ရပ်တွေ၊ Arthur ရဲ့ ကြမ်းတမ်းတဲ့ ငယ်ဘဝ၊ သူထီးနန်းပြန်ရဖို့ ကြိုးစားရတဲ့ ခရီး စတာတွေ အကုန်လုံးက တစ်ခုမှ အပြောင်အပျက်ပုံမပါဘူး။ ဒါကို ဒါရိုက်တာ Guy Ritchie က သူ့နာမည်ကျော် Sherlock Holmes ရုပ်ရှင်ပုံစံအတိုင်း (ဒါမှမဟုတ် Edgar Wright ရဲ့ Hot Fuzz/ Shawn of the Dead) ပုံစံ လုပ်ယူထားတော့ ကြည့်ဖူးတဲ့လူတွေ စဉ်းစားကြည့်နိုင်ပါတယ်။

ဆိုတော့ နားထောင်ကောင်းသလောက် ပြနေတာနဲ့ တစ်စက်မှ မလိုက်တဲ့ Music အကြမ်းကြီးတွေ၊ ရှုပ်ရှက်ခတ် ပညာသားပါပြီး မြန်ဆန်လှတဲ့ editing တွေက ရုပ်ရှင် flop ဖို့ လမ်းဖောက်ပေးခဲ့တဲ့သူတွေပါပဲ။ ဒီလိုလုပ်ကွက်တွေက ခုနက Sherlock Holmes, Hot Fuzz တို့လို comedy based ရုပ်ရှင်တွေ၊ ခုခေတ်အခြေခံ ပေါ့ပေါ့ပါးပါးနဲ့ မလိုအပ်တာမပြတဲ့ သွက်သွက်လက်လက် ဇာတ်လမ်းတွေနဲ့ လုံးဝ လိုက်ဖက်မှာဖြစ်ပေမဲ့ မှော်တွေ၊ monster တွေပါတဲ့ နှစ်ထောင်ချီနေတဲ့ မှော်ဝင်ပုံပြင်နဲ့ ဘာမှမဆိုင်ပါဘူး။ သူ့ ဇာတ်လမ်းနဲ့လည်း လိုက်ရင်တစ်မျိုးပေါ့။ ခုက ဇာတ်လမ်းက လုံးဝ serious ကြီးလုပ်ထားပြီး ထထဖောက်တော့ ကြည့်ရင်း နင်သွားတာ တော်တော်များတယ်။

ဥပမာ ဇာတ်လမ်းစစချင်း ရုပ်ရှင် Title ပြတဲ့အချိန်ပါ။ ပြနေတဲ့ ဇာတ်ဝင်ခန်းအရ တော်တော်ကို Dark ဖြစ်၊ powerful ဖြစ်လို့ ကြည့်နေရင်း တော်တော်ကြမ်းတယ်ဟဆိုပြီးဖြစ်နေတဲ့အချိန် နောက်ဘာဆက်ဖြစ်မလဲ လုံးဝစောင့်နေမိတဲ့အချိန် King Arthur: Legend of the Sword ဆိုတာကြီးကို ခုနက scene နဲ့ လုံးဝမလိုက်တဲ့ တီးလုံးအဖြဲကြီးနဲ့ “ဒန် ဒန် ဒန် ဒန် ဒန် ” ဆိုပြီးဖြစ်သွားတော့ ကြည့်နေရတဲ့လူက ဘာဖြစ်သွားမှန်းမသိဘူး။ ကြားထဲမှာ အသံပိစိကွေးနဲ့ Beckham ကလည်း ပါလိုက်သေးတယ်။ နောက် အဓိကဇာတ်ကောင် Arthur ကလည်း တခြားဇာတ်ကောင်တွေထက် ပိုထင်းနေပြီး main character မှန်းသိသာအောင် လုပ်ထားလွန်းတယ်။ နောက် Charlie Hunnam ဟာ Pacific Rim ထဲက သရုပ်ဆောင်ဟန်အတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မကြောက်တတ်တဲ့ ပုံစံထက် နည်းနည်းပဲများနေတုန်းပဲ။

တခြား ကြည့်ရမဆင်မပြေတာတွေထဲမှာ မဆီမဆိုင် race တွေထည့်တာပါ။ ဒီနေ့ခေတ်ရုပ်ရှင်တော်တော်များများဟာ ရုပ်ရှင်မှာ အသားအရောင်စုံစုံလင်လင်မပါရင် (တစ်ကားလုံး လူဖြူချည်း) ဆိုရင် complain တက်ခံရတာတွေလည်းရှိ၊ ဒီနိုင်ငံသား ဥပမာ တရုတ်သရုပ်ဆောင်ပါမှ တရုတ်ပြည်မှ ပေးပြတာမျိုးတွေ ရှိလို့ ရုပ်ရှင်မှာ diversity ဖြစ်အောင် ဘာမကြည့် ညာမကြည့် အကုန်ထည့်တယ်။ ဒီထဲမှာလည်း အဲလိုပဲ။ ဥပမာ မြို့ပေါ်မှာ George ဆိုတဲ့ တရုတ်တစ်ယောက် ကွန်ဖူးသင်တန်းလာဖွင့်ထားတာမျို။ (Kung Fu George ဆိုပဲ)။

Legend of the Sword ဟာ ဒီနှစ်ရဲ့ တကယ်နှမြောဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ အများကြီးကောင်းနိုင်ရက်နဲ့ ဒါရိုက်တာ Guy Ritchie က experiment ဆန်ဆန် လျှောက်ရေး လျှောက်ရိုက်တာ တော်တော်ကို မိုက်မဲတဲ့ စွန့်စားမှုတစ်ခုပါပဲ။ ဒီအတိုင်း ဘာမှ အထူးအဆန်းမကြိုးစားဘဲ ပုံမှန်လေးသွားခဲ့ရင် ဒီလိုဖြစ်လာမယ်မထင်ပါဘူး။


Movie Information:

Director: Guy Ritchie

Top Billed Cast: Charlie Hunnam, Astrid Berges-Frisbey, Djimon Hounsou, Aiden Gillen, Jude Law, Eric Bana

Music: Daniel Pemberton

Cinematography: John Mathieson

Production: Warner Bros. Pictures, Safehouse Pictures, Village Roadshow Pictures, Weed Road Pictures

Distribution: Warner Bros. Pictures

Running Time: 2hrs 6mins

Budget: $175 million

Box Office: $143.5 million


Movie Rating:

DatShin: 2/5

IMDB: 7/10

Rotten Tomatoes: 28%

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *