The Girl with All the Gifts (2016)

slide

ထူးဆန်းတဲ့ မှိုတစ်မျိုးကူးစက်မှုကြောင့် လူတွေအများစု အသိဥာဏ်မရှိ Hungry လို့ခေါ်တဲ့ zombie လိုကောင်တွေဖြစ်လို့ ကမ္ဘာလည်း လုံးလုံးပျက်လုနီးနေပါပြီ။ ဒါပေမဲ့ zombie တွေကမွေးလာတဲ့ ဒုတိယမျိုးဆက် hungry တွေက တခြားကောင်တွေနဲ့မတူ လူစိတ်လည်းရှိနေတဲ့အတွက် အသက်ရှင်ကျန်ရစ်တဲ့ လူတွေဟာ အဲကလေးတွေကို ဖမ်းပြီး ဖြေဆေးထုတ်လုပ်နိုင်မလားဆိုပြီး စမ်းသပ်ကြပါတယ်။ ဒီလိုနဲ့ပဲ ပြဿနာတွေကြားထဲမှာမှ အစမ်းသပ်ခံကောင်မလေးတစ်ယောက်ကြောင့် ကမ္ဘာကြီးလည်းပြောင်းလဲဖို့ ဖြစ်လာရပါတယ်။


Review

ခုတစ်လော ကျွန်တော် review တွေရေးရင် ခနခနရေးဖြစ် သုံးသပ်ဖြစ်နေတာက “တခြားကားတွေနဲ့မတူ ကွဲထွက်နေလို့” ဆိုတာ သတိထားမိကြမှာပါ။ နှစ်ပေါင်းများစွာ တောက်လျှောက် မနားတမ်းထွက်နေတဲ့ ရုပ်ရှင်တွေကြောင့် Hollywood ကားတွေမှာတောင် ပြစရာ ပြောစရာ အထူးအဆန်းမရှိ idea တွေခန်းနေတာ တော်တော်များလာပါပြီ။ ထွက်လာတဲ့ကားတွေက တစ်ကားနဲ့တစ်ကားနဲ့ တူသာမတူတာ၊ အထဲက ဇာတ်လမ်းဇာတ်ကွက်တွေ၊ ပြကွက်နဲ့ အထာတော်တော်များများက ကျွန်တော်တို့လို ရုပ်ရှင် ခရေဇီ၊ ရုပ်ရှင်ပါးဝနေတဲ့သူတွေအတွက် မထူးဆန်းတော့ဘဲ ရိုးအီနေပြီ။ Zombie ကားတွေလည်း ဒီအတိုင်းပါပဲ။ Virus တစ်မျိုးကြောင့် လူတွေအကောင်တွေဖြစ်ကုန်လို့ ဇာတ်လိုက်နဲ့ အပေါင်းအပါတစ်စု သူတို့ကိုယ်သူတို့နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့လုပ်ရင်း နောက်ဆုံး သူတို့တစ်အုပ်ထဲကျန်တောင် happy ending ဖြစ်ဖြစ်သွားတဲ့အထာတွေ တော်တော်များတယ်။ ဘယ်လောက်ပဲ ကွဲအောင် လုပ်လုပ်၊ ဒီလမ်းကြောင်းထဲက အပြီးအပိုင် ရုန်းမထွက်သွားနိုင်ကြဘူး။

အခု The Girl with all the Gifts ကတော့ တစ်မျိုးတင်ဆက်ထားတာတွေ့ရတယ်။ Zombie ရောဂါက သာမန်ကားတွေလို virus ကူးလို့ဖြစ်တာဆိုပေမဲ့ မှိုတစ်မျိုးကြောင့်ဖြစ်တာဆိုတော့ သဘာဝကျကျနဲ့ နည်းနည်းဆန်းနေသလို သူ့ရဲ့ ကူးစက်တဲ့သဘာဝပုံစံက တခြားနည်းတွေထက်ပိုကြမ်းလို့ ကျန်တဲ့ zombie apocalypse ပုံစံတွေထက် ပိုကြောက်ဖို့ကောင်းတဲ့ဘက်ရောက်ခဲ့တယ်။ ဇာတ်လမ်းကိုအေးအေး မှန်မှန်နဲ့ ပြပြီး တဖြည်းဖြည်းဆွဲယူသွားတာကလည်း director နဲ့ set designer တို့ရဲ့ အသက်ဝင် creepy ဖြစ်တဲ့ ပတ်ဝန်းကျင်တည်ဆောက်ပုံတွေ၊ သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့် ကြာလေ ပို dark ဖြစ်လေဖြစ်ပြီး အဲဒီအစမ်းသပ်ခံ ကလေးမလေးရဲ့ ဖြူစင်သလောက် နက်နဲတဲ့ မေးခွန်းတွေကြောင့်လည်း ရုပ်ရှင်ဟာ သာမန် survival, horror ကားတွေလိုမဟုတ်ဘဲ တော်တော်လေးတွေးစရာတွေ ပေးနိုင်ခဲ့တယ်။ Hungry တွေ ကမ္ဘာကြီးကိုကြီးစိုးလာပြီး အသက်ရှင်ကျန်တဲ့လူတွေကလည်း ကြာလေ နည်းလေဖြစ်လာပြီ။ ဆိုတော့ လူသားမျိုးနွယ်ကြီး ဆက်ရှင်သန်ရမှာလား။ evolution ဖြစ်လာတဲ့ ကမ္ဘာကြီးဆက်ရှင်သန်ရမှာလား။ သေချာတာကတော့ ဇာတ်သိမ်းက ကျွန်တော်မျှော်လင့်မထားခဲ့ဘူးဆိုတာပါပဲ။

The Girl with all the Gifts က အရမ်းကြမ်းတမ်းနေတဲ့ fast paced action ကားမဟုတ်ပါဘူး။ အနီးစပ်ဆုံးက Danny Boyle ရဲ့ 28 Days Later နဲ့ နည်းနည်းလေးဆင်တယ်။ သရုပ်ဆောင်တွေကလည်း လက်ဖျားခါလောက်တယ် မဟုတ်ပေမဲ့ သူက ဒီလိုဇာတ်ရုပ်မျိုးမို့ ဒီလိုပဲပြုမူတယ်ဆိုတာမျိုးထက် လူပီပီ အခြေအနေနဲ့ အချိန်အခါလိုက်ပြီး သရုပ်ဆောင်နိုင်ခဲ့လို့ အပြစ်ပြောစရာမရှိဘူး။ ဇာတ်အေးသလောက် ကြမ်းတဲ့ horror ကားတစ်ကားဖြစ်သလို Zombie ကားတွေအများကြီးထဲက ရှားရှားပါးပါး ကောင်းတဲ့ကားတွေထဲမှာ ပါတဲ့ကားလည်းဖြစ်ပါတယ်။ Zombie ကားတွေကြိုက်ပေမဲ့ ရိုးနေလို့သဘောမကျတဲ့သူတွေ၊ အေးအေးဆေးဆေးနဲ့ ဇာတ်လမ်းကောင်းကောင်း Horror ကားကောင်းကောင်းကြည့်ချင်သူတွေ သဘောကျမှာပါ။


Movie Information:

Director: Colm McCarthy

Top Billed Cast: Gemma Arterton, Paddy Considine, Glenn Close, Sennia Nanua

Production: Altitude Film Sales, BFI Film Fund, Poison Chef

Distribution: Warner Bros. Pictures, Saban Films

Budget: $5 million

Box Office: $2.3 million

Run Time: 1hr 51 mins


Movie Ratings:

Datshin: 3.7/5

Rotten Tomatoes: 84%

IMDB: 6.7/10

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *