Annabelle Creation (2017)

slide

Janice နဲ့ Linda ဆိုတဲ့ ကောင်မလေးနှစ်ယောက် တခြားမိဘမဲ့ ကလေးတွေနဲ့အတူ မြို့ပြင် လယ်တောလေးက အိမ်ကြီးတစ်အိမ်မှာ အိမ်ရှင်လင်မယား ခွင့်ပြုလို့ လာကြရပါတယ်။ အိမ်ကကြီး၊ ပတ်ဝန်းကျင်ကလည်း သာယာတော့ မိန်းကလေးတွေဟာ မိဘမဲ့သာဆိုတယ် ပျော်ပျော်နေကြရတယ်လို့ ထင်နေကြရာက အိမ်ကြီးမှာ ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရုပ်မလေးကို တွေ့ရှိခဲ့ကြပြီး သရဲတောင်မဟုတ်တဲ့ မကောင်းဆိုးဝါးနဲ့ပါ တိုးကြပါတော့တယ်။


Review

Minor Spoiler Alert!

(ဒီအချိန်မှတော့ အကုန်လုံးလည်း ကြည့်ပြီးလောက်ပီ ထင်ပါတယ် 😀 )

Annabelle: Creation ဟာ 2014 ခုနစ်က ထွက်ခဲ့တဲ့ Annabelle ရုပ်ရှင်ရဲ့ prequel ဖြစ်ပါတယ်။ Annabelle ပထမကားရဲ့ ဇာတ်လမ်းဇစ်မြစ်ကို ဒီကားမှာပုံဖော်ထားတာဖြစ်လို့ ဒီကားကြည့်ပြီး အချိတ်အဆက်မရှိတာ၊ အားမရသေးတာ၊ ဟိုလိုဒီလိုဖြစ်နေတာတွေရှိရင် 2014 က ပထမကားကို ဆက်ကြည့်နိုင်ပါတယ်။

ရုံမတင်ခင်ကတည်းက ကြည့်ရင်း ဆီးပါထွက်ကျကုန်တယ် ဘာညာနဲ့နာမည်ကြီးခဲ့တဲ့ Annabelle: Creation ဟာ တကယ်လည်း ဒီနှစ်ရဲ့ အကြမ်းတမ်းဆုံးနဲ့ ခြောက်ခြားမှု အပေးနိုင်ဆုံးကားလို့လည်း ပြောနိုင်တယ်။ တချို့ ဇာတ်ဝင်ခန်းတွေဟာ ဒီကားဒီလောက် ကြမ်းမယ် ထင်မထားဘူးလို့ ပြောဖြစ်လောက်အောင် လုပ်သွားတာတွေရှိတယ်။ ရိုက်ချက်တွေလှတယ်။ horror ကားတို့ ထုံးစံတိုင်း အသံပိုင်းက တော်တ်ာကြမ်းတယ်။ ရုပ်ရှင်ကြည့်သူတွေကို ခြောက်ခြားမှု တော်တော်ကြီးပေးနိုင်ပါတယ်။ ဒါပေမဲ့ Jump Scare တွေလည်း တော်တော်များများပါတယ်။

အဲလိုပဲ Annabelle: Creation ဟာ horror ကားတို့ ထုံးစံ plot ပိုင်းမှာ ဘာမှ ထူးခြားတာ မပါပါဘူး။ အိမ်ကြီးကို ရောက်တယ်၊ ကလေးတွေကတစ်ဆင့် သရဲက ခြောက်တယ်။ သရဲခြောက်ရင် မီးတွေပျက်ကုန်တယ်။ ဒါပေမဲ့ ဒီကားကတော့ တခြားကားတွေထက် နည်းနည်းပိုဆိုးတယ်။ ရုပ်ရှင်ကိုလည်း ပြချင်၊ အရင်ထွက်ခဲ့တဲ့ မူရင်းဇာတ်လမ်းနဲ့လည်း ချိတ်ချင်ဆိုပြီး ရှုပ်ခဲ့တဲ့သဘော ထင်ပါတယ်။ ဇာတ်လမ်းရဲ့ တစ်ဝက်လောက်ထိကို အတိုင်းအတာ တစ်ခုလောက်ထိ စိတ်ဝင်စားမှု ပေးနိုင်ခဲ့ပေမဲ့ တစ်ဝက်လောက်မှာတော့ Plot က လုံးဝပျောက်ပြီး ခြောက်ဖို့ သက်သက်ပဲ ဖြစ်သွားတယ်။ မကောင်းဆိုးဝါးက အစွမ်းပြတယ်၊ ခြောက်တယ်၊ ဇာတ်ကောင်တွေ အော်တယ်၊ ရုပ်ရှင်ကြည့်နေတဲ့သူတွေ အော်တယ်၊ ဇာတ်ကောင်တွေ ထွက်ပြေးတယ်၊ ဒီရောက်လို့ ဒီမှာခြောက် ဟိုပြေး၊ ဟိုရောက် ဒီပြန်ပြေးနဲ့ တူတူပုန်းတန်းကစားသလိုလို စိန်ပြေးလိုက်တန်းကစားသလိုလိုဖြစ်လာတယ်။ The Conjuring ရုပ်ရှင်မှာတို့လို မကောင်းဆိုးဝါးရဲ့ ဆိုးသွမ်းမှုကို တဖြည်းဖြည်းနဲ့ ဆွဲခေါ်လာပြီး ဇာတ်ရှိန်တင်တာမျိုးမဟုတ်ဘဲ ဝုန်းကနဲတင်ပြီး ဇာတ်လမ်းမရှိတဲ့အထဲ အောက်ပြန်မဆင်းတော့ တော်တော်လေး ပျင်းစရာကောင်းလာတယ်။ ရုပ်ရှင်ထဲမှာ တစ်ခုခု “ဒုတ်” ကနဲ အသံထွက်တိုင်း အသံပြဲနဲ့ ထထအော်ကြတဲ့အသံတွေကြောင့် mood ပျက်လာတာလည်း ပါမယ်ထင်တယ်။

Annabelle: Creation ဟာ ကျွန်တော့အတွက်တော့ တခြား သရဲကားတွေ၊ ဥပမာ Conjuring ကားတွေလို ဇာတ်လမ်းပိုင်း အနှစ်သာရပိုင်းတော့ ဘာမှ မပေးနိုင်ဘဲ သာမန် Typical horror ကားတွေလို ရုံမှာ ခြောက်တာ လာကြည့်ရသလိုပါပဲ။ သရဲကားဆိုတော့လည်း ဇာတ်လမ်းမကောင်းတဲ့အချက်က ထွေထွေထူးထူး အပြစ်ပြောစရာတော့လည်း မဟုတ်ပါဘူးလေ။ ဒါပေမဲ့ အခုလက်ရှိထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ရင် တော်တော်လေး ကောင်းမှာပါ။ horror နဲ့ thriller ကိုသဘောကျတယ်ဆိုရင်တော့ တော်တော်လေး အားရကြမှာပါ။

Admin Zar Ni Wai Phyo


Movie Information


Director: David F. Sandberg

Producer: Peter Safran, James Wan

Writer: Gary Dauberman

Production: New Line Cinema, Atomic Monster Productions, The Safran Company

Distribution: Warner Bros. Pictures

Running Time: 1hr 49 mins

Budget: $15 million

Box Office: $171.8 million

Movie Rating:

DatShin: 3.3/5

IMDB: 7/10

Rotten Tomatoes: 67%

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *