Battleship Island (2017)

slide

 

ဒုတိယကမ္ဘာစစ်အတွင်းဖြစ်ပါတယ်။ ဂျပန်အင်ပါယာရဲ့ Nagasaki မြို့နဲ့ မနီးမဝေးမှာရှိတဲ့ Hashima ကျွန်းမှာ ကိုရီးယားက ဖမ်းလာတဲ့ လုပ်သားတွေကို အတင်းအဓမ္မ ကျောက်မီးသွေးတူး၊ ခိုင်းစေ၊ လိင်ကျေးကျွန် စတာတွေအဖြစ် အသုံးပြုဆက်ဆံနေကြရာလို့ ကိုရီးယားအလုပ်သမား ၄၀၀ ကျော်ဟာ ဂျပန်တပ်တွေကို တွန်းလှန်ပြီး ကျွန်းပေါ်က မရမက ထွက်ပြေးကြပါတယ်။


Review (Minor Spoiler alert)

ဒုတိယ ကမ္ဘာစစ်အတွင်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ခြေခံထားတယ်ဆိုတဲ့ Battleship Island ဟာ ကိုရီးယားရုပ်ရှင်တွေထဲမှာ တော်တော်ကို လက်ရာမြောက်တဲ့ ကားတစ်ကားဖြစ်ခဲ့ပါတယ်။ တကယ့် နာမည်အရင်းအရ Hashima ကျွန်း (Japan လိုဆိုလည်း “ကျွန်း” ဆိုလားပဲ) လို့ခေါ်ပေမဲ့ ရေပြင်မှာ စစ်သင်္ဘောကြီးတစ်စင်းပုံပေါက်နေအောင် ရပ်တည်နေတဲ့ ကျွန်းကြီးမို့လို့ စစ်သင်္ဘောကျွန်း Battleship Island လို့လူသိများခဲ့ပါတယ်။ အဲမှာ စစ်မတိုင်မီက ဂျပန်အလုပ်သမားတွေပဲ လုပ်ပေမဲ့ ထုံးစံအတိုင်း စစ်ဖြစ်လာတဲ့အခါ စစ်မှုထမ်းဖို့ ကျွန်းပေါ်ကအလုပ်သမားတွေလည်း ရှေ့တန်းရောက်ကုန်ပါတယ်။ အဲမှာ လစ်လပ်သွားတဲ့ အလုပ်သမားတွေနေရာကို အစားထိုးဖို့ Japan တွေဟာ Korea နဲ့ China တို့က ဖမ်းလာတဲ့လူတွေ စစ်သုံ့ပန်းတွေကို ခေါ်ယူပြီး Hashima မှာ ခိုင်းစေပါတယ်။ အဲမှာ Japan တွေက အလုပ်သမားတွေကို ခွဲခြားဆက်ဆံ နှိပ်စက်ကြတာကို Battleship Island မှာ မကြည့်ရက်နိုင်အောင်ကို ပြသွားနိုင်ခဲ့တယ်။ ကျွန်းပေါ်မှာ ဖြစ်ခဲ့တဲ့ မတွေးရဲလောက်အောင် ကြမ်းတမ်းဆိုးရွားလှတဲ့ အခြေအနေတွေ၊ အလုပ်သမားတွေရဲ့ ခက်ခဲလှတဲ့ နေ့စဉ်ဘဝတွေဟာ ရုပ်ရှင်မကြည့်ခင် Junction City က ပန်းစွယ်တော်မှာ ညစာစားမယ်လုပ်တော့ ဘာမှ ကိုယ်ကြိုက်တဲ့ စားစရာမရှိဘူးဆိုပြီး ဂျီးများခဲ့မိတဲ့ စာရေးသူနဲ့ သူငယ်ချင်း တို့အတွက်တော့ ရှက်စရာပဲဟလို့ တွေးမိခဲ့အောင် ပီပီပြင်ပြင်ပြသွားနိုင်ခဲ့တယ်။

ဖန်တီးမှုပိုင်း ရိုက်ကူးမှုပိုင်းမှာ တော်တော်လေး ကြိုးစားထားတာတွေ့ရတယ်။ အလုပ်သမားတွေရဲ့ ဘဝ၊ စုတ်ပြတ်သတ်နေတဲ့ လူနေမှု၊ Hashima ရဲ့ ကျပ်ညပ်ပြီး လူတွေနဲ့ရှုပ်နေတဲ့ အရပ်တွေအပြင် ကျွန်တော်သဘောအကျဆုံးအခန်းက ကျွန်းကို လေယာဉ်တွေ ဗုံးကြဲတဲ့အခန်း။ ပေါက်ကွဲလို့ လူတွေသေတယ်ဆိုရုံမဟုတ်ဘဲ မီးလောင်တဲ့လူ လက်ပြတ်တဲ့လူတွေအပြင် တိုက်ပေါ်က ပြုတ်ကျလို့ မီးကြိုးတွေနဲ့ တွဲလောင်းချိတ်နေတဲ့ မီးလောင်နေတဲ့သူတွေ စတဲ့ အနုစိတ်လှတဲ့ ရိုက်ချက်တွေ တော်တော်များများပါတယ်။ Third act မှာဆိုလည်း ဇာတ်ဝင်ခန်းအရ ပြစရာနေရာတွေ များပေမဲ့ အချိတ်အဆက်လွဲတာမျိုးမရှိဘဲ သေချာပြသွားနိုင်တယ်။ ပိုစတာတွေမှာလည်း မြင်ကြရမဲ့ ဖယောင်းတိုင်တွေကိုင်ပြီး ကြည့်နေကြတဲ့အခန်းဆိုလည်း တော်တော် lighting ကစားထားရမယ်။ တခြားဇာတ်ဝင်ခန်းတွေ အားလုံးနီးပါးဆိုလည်း စကားပြောတာ၊ လုပ်ပုံကိုင်ပုံတွေဟာ တော်တော်ကို အသက်ဝင်တာကို တွေ့ရတယ်။ ဥပမာ မိုင်းတူးတဲ့သူကလည်း နှုတ်ခမ်းကြီးဆူပြီး အားရပါးရ တူးနေတာမျိုးပေါ့။

ဇာတ်လမ်းအရ twist တွေလည်းပါ၊ အရေးအကြောင်းဆိုမှ အသားထဲက လောက်ထွက်တဲ့ အချက်တွေကို သေချာတင်ဆက်ထားနိုင်ပေမဲ့ third act နဲ့ ဇာတ်သိမ်းတို့ကတော့ ဖြစ်ရပ်မှန် အခြေခံဆိုပေမဲ့ Korea ရုပ်ရှင်ထုံးစံ အရမ်းကောင်းလွန်းနေခဲ့တယ်။ အဲအတွက် ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး wiki မှာ ရှာကြည့်မိသလောက် သိရသလောက်က ကျွန်းပေါ်က အလုပ်သမားတွေရဲ့ ဘဝတွေဟာ ငရဲအလား ကြမ်းတမ်းခဲ့ပေမဲ့ ရုပ်ရှင်ကလို ထွက်ပြေးခဲ့တဲ့အဖြစ်အပျက်ဆိုတာ မရှိခဲ့ပါဘူး။ Based on True events ဆိုတဲ့ ကားမျိုးတွေဟာလည်း တကယ့်အချက်အလက်တွေထက် Policy တွေထည့်၊ ကွန့်ပြီးရိုက်နေကျဆိုတော့လည်း ထူးတော့မထူးဆန်းပါဘူး။

ဘာပဲဖြစ်ဖြစ် Battleship Island ဟာ ကျွန်တော်တို့အတွက်တော့ ဒီနှစ်အထဲက ရှားရှားပါးပါး ကျေနပ်မှုပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ တစ်ခုရှိတာက ရုပ်ရှင်က Korea ထုံးစံ နည်းနည်းတော့ drama ခင်းတယ်။ တခြားကားတွေလောက်တော့ မဆိုးပေမဲ့ နောက်ဆုံးခန်း လူတွေ ဒါဇင်နဲ့ချီသေခါမှ ဒီတစ်ယောက်သေတာကို ကွက်ပြီး ရေးကြီးခွင်ကျယ်လုပ်နေတာမျိုး၊ မရှိဘဲ အရမ်းဇာတ်လမ်းကောင်းအောင် လုပ်ထားတာမျိုးက သိပ်တော့ အဆင်မပြေတဲ့ဘက် ရောက်နိုင်တယ်။ ဒါပေမဲ့ သေချာတာကတော့ Battleship Island ဟာ ရုပ်ရှင်ကြည့်သူတွေအတွက် အချိန်ပေးရတန်တဲ့ကားတစ်ကားဆိုတာပါပဲ။


Movie Information:

Director: Ryoo Seung-wan

Top Billed Cast: Hwang Jung-min, So Ji-sub, Song Joong-ki, Lee Jung-hyun

Production: Filmmaker R & K

Distribution: CJ Entertainment

Running Time: 2hrs 12mins

Budget: $21 millions


Movie Rating:

Datshin: 3.8/5

IMDB: 7/10

Rotten Tomatoes: 44%

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *