Wonder Woman (2017)

slide

Storyline (Minor Spoilers)

DCEU ရဲ့ Wonder Woman, Diana Prince ရဲ့ origin ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ Amazon ကျွန်းပေါ်က မျက်ပြူးပြူး ခပ်ဆော့ဆော့ ကလေးမလေးကနေ ကမ္ဘာကြီးကို စောင့်ရှောက်မယ့် Wonder Woman ဖြစ်လာပုံဇာတ်လမ်းပါပဲ။

ဟိုးအရင်က လူသားတွေကို နတ်ဘုရားကြီး Zeus က ဖန်းတီးခဲ့တယ်။ Zeus ဖန်းတီးခဲ့တုန်းကတော့ လူသားတွေဟာ ကြင်နာတတ်တယ်။ ကိုယ်ချင်းစာတတ်တယ်။ မေတ္တာထားတတ်ခဲ့တယ်။ ဒါပေမယ့် Zeus ရဲ့သား တစ်ယောက်ဖြစ်တဲ့ God of War Ares က လူသားတွေအပေါ်အမြင် တစ်မျိုးဖြစ်ခဲ့တယ်။ လူသားတွေအပေါ် Zeus ရဲ့အလေးပေးမှုကို မနာလိုခဲ့တဲ့ အပြင် လူသားတွေဟာ တစ်ချိန်ချိန်မှာ ကမ္ဘာကြီးကို ဖျက်ဆီးမဲ့ နတ်ဘုရားတွေကိုပါ ပြန်ဖျက်ဆီးမဲ့ မျိုးနွယ်တွေလို့ထင်ခဲ့တယ်။ ဒီမှာ Ares ရဲ့ လွှမ်းမိုးမှုကြောင့် လူသားတွေဟာ တစ်ကိုယ်ကောင်းဆန်လာတယ်။ မုန်းတီးစိတ်တွေဝင်လာတယ်။ လူဆိုးတွေဖြစ်လာတယ်။ ဒီလို လူသားအပေါ် Ares ရဲ့ လွှမ်းမိုးမှုကို ပြန်ကန်ဖို့ Zeus က အမျိုးသမီးမျိုးနွယ်ဖြစ်တဲ့ Amazon မျိုးနွယ်ကို ဖန်တီးခဲ့တယ်။ လူသားတွေအပေါ် အရင်းပြုပြီး Ares ကတစ်ဖက် ကျန် နတ်ဘုရားတွေကတစ်ဖက် ချကြရာမှာ နောက်ဆုံး နတ်ဘုရားတွေအကုန်သေပြီး Zeus လက်ချက်နဲ့ Ares လည်း ဒဏ်ရာကြီးကြီးကျယ်ကျယ်ရပြီးနောက်ဆုတ်ရတယ်။ ဒီမှာ Zeus လည်း သူကိုယ်တိုင် မသေသွားခင် Ares ရန်ကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုပြီး Amazon တွေကို ဘုရားကိုသတ်နိုင်တဲ့ လက်နက်တစ်ခုပေးခဲ့တယ်။ သူတို့ နေတဲ့ ကျွန်းကြီးကိုလည်း လူတွေ အလွယ်တစ်ကူရှာမတွေ့နိုင်အောင် လုပ်ထားခဲ့တယ်။

Diana ဆိုတာ ခုန Amazon မျိုးနွယ်တွေရဲ့ ဘုရင်မကြီးရဲ့ သမီးတော်လေး ပေါ့။ ဘုရင်မကြီးက Diana ကို တစ်ခြားမျိုးနွယ်တွေလို warrior မဖြစ်စေချင် ပေမယ့် Diana လေးကတော့ ငယ်ငယ်လေးတည်းက အတိုက်အခိုက်ကို စိတ်ဝင်စားတယ်။ တစ်ကယ်လည်း အတိုက်အခိုက်မှာ ပါရမီပါတယ်။ သတ္တိ မှာလည်းပြည့်စုံတယ်။ ခွန်အားလည်းကြီးတယ်။ အရွယ်ရောက်ပြီးမကြာမီ မှာပဲ Amazon ကျွန်းပေါ်မှာ အသန်မာဆုံး၊ အရဲရင့်ဆုံး၊ စွမ်းအားအရှိဆုံး warrior ဖြစ်လာတယ်။ ဒီမှာပဲဇာတ်လမ်းကစတယ်။ ပထမကမ္ဘာစစ်မှာ ဗြိတိသျှရဲ့ သူသျှိုတစ်ယောက်ဖြစ်တဲ့ Steve ဟာ ဂျာမန်တွေဆီကနေ ထွက်ပြေးလာရင်း Amazon ကျွန်းမှာ လေယာဉ်ပျက်ကြတယ်။ Steve ဆီကနေ Diana ဟာ ကမ္ဘာကြီးဟာ Ares ကြောင့် တိုက်ခိုက်မှုတွေနဲ့ သေကြေ ပျက်ဆီးနေကြပြီ။ သူကယ်မှရမယ်ဆိုပြီး Ares ကိုသတ်လိုက်ရင် ကမ္ဘာကြီး ငြိမ်းချမ်းသွားမယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့ တစ်ခါမှ မရောက်ခဲ့ဘူးတဲ့ အပြင်ကမ္ဘာကြီးဆီဦးတည်ပြီးထွက်လာတယ်။ သူ့အနားမှာတော့ ဒီခပ်ချောချော ခပ်မိုက်မိုက်နဲ့ နတ်ဘုရားတွေအကြောင်းပဲ တတွတ်တွတ်ပြောနေတဲ့ Diana ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်းမသိတဲ့ Steve နဲ့ပေါ့။


Review

DCEU ဟာ Dawn of Justice ထွက်လာတည်းက အငြင်းပွားစရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ DOJ ဆိုလည်း DC အမာခံပရိတ်သတ်တွေက ကြိုက်နှစ်သက်ကြတယ်။ (MOS ကတော့ သိပ်ပြဿနာမရှခဲ့ဘူးထင်တယ်။) ကာကွယ်ပေးကြတယ်။ ဒါပေမယ့် အခြားပရိတ်သတ်တွေက သိပ်လက်ခံမပေးခဲ့ကြဘူး။ ကျွန်တော်ဆိုလည်း DOJ ကို DC Fan တစ်ယောက်အနေနဲ့ ကြိုက်နှစ်သက်ပေမယ့် ခုထိတော့ ရုပ်ရှင်ကားကောင်းတစ်ခုပါလို့လက်မခံနိုင်ခဲ့ဘူး။ နောက်တော့ suicide squad လာခဲ့တယ်။ ကြည့်ရတာ ပေါ့ပါးတယ်။ ပျော်ဖို့ကောင်းတယ်။ DC Fan မဟုတ်တဲ့ အပြင်ကမ္ဘာအတွက် အဆင်ပြေတယ်။ အဆင်ပြေအောင်လည်း Deadshot တို့ Harley တို့လို character တွေနဲ့ ပုံဖော်ထားတယ်။ ဒါပေမယ့် Fan တွေအတွက်တော့အဆင်မပြေခဲ့ပြန်ဘူး။ အရမ်း ပေါ့လွန်းအားကြီးနေတယ်။ Delevingne ခါးလှုပ်ကတာနဲ့ suicide mission လွယ်လွန်းအားကြီးနေတာက ပြဿနာတက်နေခဲ့တယ်။ Wonder Woman ကတော့ ဒီနှစ်ခုအကြား မျှခြေတစ်ခုရအောင် ကြိုးစားခဲ့တယ်။ အောင်လည်းအောင်မြင်ခဲ့တယ်။

Wonder Woman ဟာ အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်း ပုံဖော်ထားတာကို တွေ့ရတယ်။ ဇာတ်လမ်းကလည်း ရှင်းတယ်။ တွေ့နေကြ superhero origins တွေလိုပဲ။

လေ့ကျင့်မယ်။ ကြိုးစားမယ်။ တစ်စုံတစ်ဦး၊ တစ်စုံတစ်ရာ ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုက superhero ဖြစ်အောင် လှုံ့ဆော်မယ်။ အသေအကြေချမယ်။ awakening ဖြစ်မယ်။ ရင့်ကျက်သွားမယ်။ အသေအကြေချမယ်။ နိုင်မယ်။

ဒီလို ရိုးရှင်းတဲ့ plot line ကိုလည်း ရိုးရိုးရှင်းရှင်းပဲ ပုံဖော်ထားပါတယ်။ အဓိက နေရာက Gal Gadot နဲ့ Chris Pine ကတော့ လုံးဝ stunning ပါပဲ။ Gal Gadot ရဲ့ အမူအရာတိုင်းမှာ စူးစမ်းလိုမှု၊ ရဲရင့်မှု၊ ကြင်နာမှု၊ တည်ကြည် သန်မာမှု တွေအပြင် နားမလည်တာတွေ စိတ်ရှုပ်နေတာတွေကိုလည်း အမြဲတမ်းတွေ့နေရတတ်တယ်။ Third Act မှာ ခဏလေးသာပါတဲ့ Wonder Woman ရင့်ကျက်သွားတဲ့နေရာလေးမှာ Gal Gadot မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ emotions တွေက Gal ရဲ့ သရုပ်ဆောင်ပညာကို အတိုင်းသားဖော်ပြလိုက်သလိုပဲ။ တစ်ကယ့်ကို character ရော သရုပ်ဆောင်ရော Wonder Woman ပါပဲ။ Chris Pine ကတော့ တစ်ကယ့် sweet heart ပဲ။ မျက်လုံးပြာလေးနဲ့ အမြဲတမ်း တည်ကြည်နေတဲ့မျက်နှာဟာ Steve ရဲ့ စစ်သားစိတ်၊ စွန့်လွှတ်အနစ်နာခံ လိုစိတ်၊ ရဲရင့်မှုနဲ့ Diana အပေါ် ချစ်ခင်သနားစိတ်၊ တစ်ခါတစ်ရံ အားမရတဲ့ စိတ်တွေကိုပါ အပြည့်ဖော်ကျူးနိုင်ခဲ့ပါတယ်။

Production Design တွေ၊ costume တွေ၊ setting တွေအားလုံးဟာလည်း ကောင်းခဲ့တယ်။ CGI တွေကိုတော့ မြင်တတ်တဲ့လူတွေက နည်းနည်းလေး လိုနေတယ်လို့ပြောနေပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အပြစ်မမြင်ခဲ့ဘူး။ တစ်ခုတော့ရှိတယ်။ Fight Scene တွေမှာ CGI တွေ camera effect တွေသုံးပြီးချတာက visibly awesome ဖြစ်ပေမယ့် ကြာလာတော့ အီလာသလိုလိုရှိတယ်။ choreography ကောင်းကောင်းနဲ့ cut ရှည်ရှည်လေးတွေကြည့်ရရင် ပိုအားရမိမယ်ထင်တယ်။ ဒီကားရဲ့ fight scene တွေက DOJ လောက် epic မဖြစ်ခဲ့တာတော့ အမှန်ပဲ။ Wonder Woman ကားထဲက fight scene မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ DOJ နဲ့ ယှဉ်ရင် အဲ့လောက် intense မဖြစ်ဘူးလို့ ဆိုလိုချင်တာပါ။ ဒါပေမယ့်လည်း ဟိုက Batman နဲ့ Supes ပြီးတော့ hero သုံးကောင်နဲ့ Doomsday ဆိုတော့ ပို intense ဖြစ်နေတာလည်း အပြစ်တော့မဟုတ်ပါ ဘူး။

Directing မှာ အထူးတလည် ထုတ်ပြီး အပြစ်ရှာနေစရာမရှိဘူး။ အမျိုးသမီး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Patty Jenkins ဟာ iconic အဖြစ်ဆုံး အမျိုးသမီး Superhero ဖြစ်တဲ့ Wonder Woman ကို ပြည့်ပြည့်စုံစုံကို ပုံဖော်သွားနိုင် တယ်။ Diana ကို ကျွန်းပေါ်မှာနေတဲ့ လူသားတွေအကြောင်း ဖတ်စာအုပ်ထဲကပဲ သိထားတဲ့ မျက်လုံးပြူးပြူးကောင်မလေးကနေ JL အဖွဲ့ဝင်ဖြစ်လာမယ့် Wonder Woman ဖြစ်တဲ့အထိ အောင်မြင်စွာ ဆွဲခေါ်နိုင်ခဲ့တယ်။

သဘောအကျဆုံးအချက်ကတော့ Wonder Woman လို over sexualized ဖြစ်နေတဲ့ Character တစ်ယောက်ကို wonder woman costume ထဲမှာပဲ Gal Gadot လို superhot model တစ်ယောက်နဲ့ ရိုက်ပြီးတော့ ပရိတ်သတ်ကို Diana ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အာရုံစိုက်မနေစေဘဲ Diana ရဲ့ စိတ်အပေါ်မှာ အာရုံနေနိုင်အောင် ရိုက်ခဲ့နိုင်တာပါပဲ။ Christopher Nolan ကြီးရဲ့ Catwoman တောင် သရေကိုယ်ကြပ်အင်္ကျီဝတ်ထားတဲ့ Anne ဆိုတာကလွဲပြီး သိပ်အတိမ်အနက်မရှိခဲ့ဘူးမလား။ Marvel ရဲ့ Black Widow ဆိုပိုဆိုး။

နောက်ပြီး Americanization ကိုလျော့ထားတာလည်း သဘောကျတယ်။ ဒါကတော့ ဈေးကွက်စီးပွားရေးအရဖြစ်မှာပါ။

နောက်ဆုံး directing မှာ ထုတ်ပြီးချီးကျူးရမှာတော့ သုံးသွားတဲ့ အရောင်တွေပါပဲ။ paradise ကိုဖော်ကျူးတဲ့ အရောင်၊ ဖြစ်ချင်တိုင်း ဖြစ် ပျက်ချင်တိုင်းပျက်နေတဲ့ မြို့အိုမြို့ဆွေးကြီး London ကိုဖော်ကျူးတဲ့ အရောင်၊ အချစ်ကို ဖော်ကျူးတဲ့အရောင်၊ ပြီးတော့ ဒေါသစိတ်ကိုဖော်ကျူးတဲ့ အရောင်၊ နောက်ဆုံးတော့ အောင်မြင်မှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ကျူးတဲ့အရောင်…ဒီလိုအရေးကြီးတဲ့ အခန်းတွေမှာ သုံးထားတဲ့ အရောင်တွေဟာ ဇာတ်ကောင်တွေရဲ့ emotion နဲ့လည်း လုံးဝ ထပ်တူကျနေခဲ့ပါတယ်။

အချုပ်ပြောရမယ်ဆိုရတော့ Wonder Woman ဟာ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ အကောင်းဆုံးကားတစ်ကားလို့ပြောရလောက်အောင်တော့ ဇာတ်အိမ်က ကျဉ်းလွန်းနေသေးပါတယ်။ DOJ နဲ့ယှဉ်ပြောရမယ်ဆိုရင်တော့ DOJ ဆိုးသွားတဲ့နေရာတွေမှာ WW ကမဆိုးပေးမယ့် DOJ ကောင်းသွားတဲ့ နေရာတွေကိုလည်း WW မမီပါဘူး။ ဒါပေမယ့် WW ဟာ သူ့ကောင်းကွက်တွေနဲ့ သူ လှပတဲ့ ရုပ်ရှင်ဖြစ်ပြီး သူ့ ဇာတ်လမ်း ဇာတ်အိမ်နဲ့ လိုက်ဖက်တဲ့ လေးနက်တည်ကြည်မှုလည်းရှိနေပါတယ်။

.

DC Fan တစ်ယောက်အနေနဲ့ အောက်တန်းကျကျ War ခေါ်တဲ့ စကားပြောရမယ်ဆိုရတော့ marvel ကားအားလုံးကို fuck marvel လို့မပြောနိုင်သေးပေမယ့် fuck black widow လို့တော့ ကောင်းကောင်းကြီး အရသာရှိရှိပြောနိုင်ပါပြီ။


Movie Info

Director : Patty Jenkins

Top-billed Casts: Gal Gadot, Chris Pine, Robin Wright, David Thewils

Writers: All Heinberg (screenplay, story), Zack Snyder (story), Jason Fuchs (story), William Loulton Marston (original creator)

Ratings

Datshin: 4.2/5.0

Rotten Tomatoes 93%

Metacritic: 76%

Admin Andy

 

 

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *