ရိုက်ကွင်းပေါ်က မတော်တဆမှုများ (NSFW)

slide

ရုပ်ရှင်ရိုက်တာမှာ ကိုယ်ပုံဖော်ချင်တဲ့ ဇာတ်လမ်းဇာတ်ကွက်အတွက် သရုပ်ဆောင်၊ ဒါရိုက်တာ၊ စတန့် အစုံအလင် ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ပင်ပင်ပန်းပန်း ကြိုးစားကြရပါတယ်။ အဲမှာ ရိုက်ချက်တွေ ဇာတ်ဝင်ခန်းတွေအပေါ်မူတည်ပြီး ရိုက်ရတာလည်း ခက်ခဲသလို အန္တာရယ်လည်း ကြီးပါတယ်။ ဒီနေ့ခေတ်မှာတော့ CGI တွေ motion capture တွေ အရမ်းကိုခေတ်မီ တိုးတက်တွင်ကျယ်လာတာရယ်၊ safety စနစ်တွေ ကျယ်ပြန့်လာတာ stunt တွေ စွမ်းရည်ပိုပြည့်ဝလာတာတွေရယ်ကြောင့် အရမ်း မပြောပလောက်ပေမဲ့ ဟိုးတုန်းက ရုပ်ရှင်တွေဆို ရိုက်လိုက်တိုင်း တစ်ယောက်မဟုတ် တစ်ယောက် သေဆုံးကြရတာတွေ တော်တော်များခဲ့ပါတယ်။ အဲအတွက် ရုပ်ရှင်ရိုက်ကွင်းမှာ အဆိုးရွားဆုံး မတော်တဆမှုအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

RIP fallen heroes

Ref; Screen Rant,

Admin KPK


Resident Evil: The Final Chapter

Resident Evil franchise ရဲ့ နောက်ဆုံးပိတ်ရုပ်ရှင်မှာ အဓိက ဇာတ်ကောင် Alice နေရာမှာ မင်းသမီး Milla Jovovich သရုပ်ဆောင်ပါတယ်။ သူ့ရဲ့ စတန့်ကွက်တွေကိုတော့ ဒီကားအပြင် Avengers: Age of Ultron, Star Wars Episode VII: The Force Awakens, Mad Max: Fury Road စတဲ့ နာမည်ကျော်ရုပ်ရှင်ကြီးတွေမှာ စတန့်ပါဝင်သရုပ်ဆောင်ဖူးတဲ့ Olivia Jackson ပါ။ ဆိုင်ကယ်နဲ့ အရှိန်မြင့် မောင်းနှင်တဲ့ ဇာတ်ဝင်ခန်းကို ရိုက်နေတဲ့အခိုက် သူက ကင်မရာရှိတဲ့ နေရာကို ဆိုင်ကယ်နဲ့ မောင်းဝင်ရပါတယ်။ အဲမှာ သူရောက်တဲ့အချိန် ကင်မရာနဲ့ လက်တံက ဘေးကို ရွေ့သွားရမှာဖြစ်ပေမဲ့ ကင်မရာလက်တံ သံချောင်းက ကျန်နေခဲ့လို့ သူ့ဘယ်ဘက်လက်မောင်းနဲ့ ဝင်တိုက်မိခဲ့ပါတယ်။ အဲအတွက် ဒဏ်ရာတော်တော်များများ ရခဲ့သလို ဘယ်ဘက်လက်ကို ဖြတ်ပစ်ခဲ့ရပါတယ်။

ဒီကားမှာ မတော်တဆဖြစ်တာ သူ့အပြင် နောက်တစ်ယောက်ကတော့ ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ဖြစ်တဲ့  ပါ။ လည်နေတဲ့ platform ပေါ်က ကား ဘေးထွက်လာပြီးဝင်တိုက်ခဲ့လို့ နံရံနဲ့ ကားကြား ညပ်ခဲ့ပြီးသေဆုံးခဲ့ပါတယ်။


Maze Runner: The Death Cure

ဒီသတင်းကတော့ တော်တော်များများ ကြားမိမှာပါ။ Young Adult ကားတွေထဲကမှ တော်တော်လေး လူကြိုက်များ အသိမှတ်ပြုခံရတဲ့ ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် Dylan O’Brien ရဲ့ မတော်တဆမှုဖြစ်ပါတယ်။  ကားတစ်စီးရဲ့ အမိုးပေါ်က နောက်တစ်စင်းပေါ်ကို ခုန်ကူးတဲ့အခန်းရိုက်ရင်း ထိခိုက်ခဲ့တာဖြစ်လို့ ဒဏ်ရာပျောက်ကင်းတဲ့အထိ စောင့်ဖို့ဆိုပြီး ရိုက်ကူးရေးကို ရက်သတ္တပတ်ပေါင်းများစွာ နောက်ဆုတ်ခဲ့ပေမဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုပြင်းထန်နေလို့ဆိုပြီး ရုပ်ရှင်ရုံတင်ရက်ကို တစ်နှစ်တိတိ နောက်ဆုတ်ခဲ့ရပါတယ်။


Gone in 60 Seconds 2

1974 ခုနစ်က ထွက်ခဲ့တဲ့ ဒါရိုက်တာ H. B. Halicki ရဲ့ Gone in 60 Seconds ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ sequel ဖြစ်လာမဲ့ကားပါ။ မူလကားမှာ H. B. Halicki ဟာ Car Crash King လို့ခေါ်ကြတဲ့အထိ ကားပေါင်းများစွာ ဖျက်ဆီးထိခိုက်ပြခဲ့လို့ နာမည်ကျော်ခဲ့ပါတယ်။ အဲအတွက် ရုပ်ရှင်ထွက်ပြီး ၁၅ နှစ်အကြာမှာ ပထမကားထက် အများကြီးပိုကြမ်းမဲ့ ဒုတိယကားကို ဖန်တီးဖို့လုပ်ကြပါတယ်။ ဒါပေမဲ့ stunt ကွက် အကြီးကြီးပါမဲ့ ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ပါတယ်။ ဇာတ်လမ်းအရ ရေစင် (water tower) ကြီးက မြေပြင်ပေါ် ပြိုကျလာရမှာဖြစ်ပေမဲ့ အဲအစား tower ကို ထိန်းထားတဲ့ ကြိုးတွေ ပြတ်ထွက်ကုန်ပြီး ဘေးက ဖုန်းကြိုးတိုင်ကို သွားထိလို့ တိုင်ကျိုးကျပါတယ်။ အဲကျိုးကျတဲ့ တိုင်က ဒါရိုက်တာပေါ် တည့်တည့်လဲကျခဲ့လို့ Halicki လည်း နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အဲအတွက် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး တစ်ခုလုံး ချက်ချင်းရပ်ဆိုင်း ဖျက်သိမ်းခဲ့ပါတယ်။


The Dark Knight

Nolan ရဲ့ Dark Knight ရုပ်ရှင်နဲ့ပတ်သက်ပြီး တော်တော်များများ သိကြတာကတော့ မင်းသား Heath Ledger သေဆုံးမှုပါ။ ဒါပေမဲ့ သူဟာ ရုပ်ရှင်ရိုက်အပြီး လပေါင်းများစွာကြာမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ ရိုက်ကူးရင်း သေဆုံးခဲ့သူတစ်ယောက်ကတော့ စတန့်သမား Conway Wickliffe ဖြစ်ပါတယ်။ Batmobile ကို Joker ရဲ့ RPG ထိမှန်တဲ့ အခန်းရိုက်ဖို့ ဇာတ်တိုက်လေ့ကျင့်တဲ့အချိန်ပါ။ Wickliffe က ကားပြူတင်းပေါက်ကနေ အပြင်ကိုထွက်ကြည့်ပြီး ဘယ်လိုလှုပ်ရှားရမလဲ ဘယ်လို စတန့်ကွက်ကို ရိုက်မလဲ ကြည့်နေတဲ့အချိန် ကားက 90 ဒီဂရီ ကွေ့တယ်။ အဲမှာ ကွေ့တာ မလွတ်ဘဲ သစ်ပင်တစ်ပင်ကို တစ်နာရီ မိုင် ၂၀ နှုန်းနဲ့ ဝင်တိုက်မိခဲ့ပါတယ်။ Driver ကတော့ ဒဏ်ရာမရဘဲ လွတ်သွားခဲ့ပေမဲ့ Wickliffe ကတော့ ခေါင်းဒဏ်ရာနဲ့ပဲ နေရာမှာ သေဆုံးခဲ့ပါတယ်။


Top Gun

မင်းသား Tom Cruise နာမည်ကျော်ခဲ့တဲ့ Top Gun ဟာ အကောင်းဆုံး လေကြောင်းနဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားတစ်ကားလို့ပြောရင် မမှားနိုင်ပါဘူး။ CGI တွေထက် အများကြီးရင်သတ်ရှုမောဖွယ်ကောင်းတဲ့ ဝေဟင်ပေါ်က ရိုက်ချက်တွေက ရုပ်ရှင်ရဲ့ အကောင်းဆုံးအချက်တစ်ချက်လည်းဖြစ်ပါတယ်။ အဲရိုက်ချက်တွေကိုဖန်တီးခဲ့သူတစ်ယောက်က ကမ္ဘာ့နာမည်အကြီးဆုံး stunt pilot တစ်ယောက်ဖြစ်တဲ့ Art Scholl ပါ။ ရုပ်ရှင်ထဲက လေယာဉ်ကို ပတ်လည်မောင်းတဲ့ flat spin maneuver အကွက်အတွက် သူ့ Pitts S-2 camera လေယာဉ်နဲ့ မောင်းနှင်တဲ့အခိုက် အမြင့်ကို ဆက်မထိန်းထားနိုင်ခဲ့ဘဲ ပင်လယ်ထဲ ထိုးဆင်းသွားခဲ့ပါတယ်။ လေယာဉ်ရော အလောင်းကိုပါ ပြန်ရှာမတွေ့ခဲ့ပါဘူး။ အဲအတွက် ဘာကြောင့် ဖြစ်ခဲ့ရလဲ တိတိကျကျ မသိခဲ့ကြပါဘူး။


Transformers: Dark of the Moon

အားလုံးသိကြမဲ့အတိုင်း ဒါရိုက်တာ Michael Bay ဟာ ရှုပ်ထွေး များပြားလှတဲ ဖေါက်ခွဲမှုဇာတ်ဝင်ခန်းတွေနဲ့ နာမည်ကျော်ပါတယ်။ သူ့ရဲ့ Transformers ရုပ်ရှင်တွေဟာ အများစုက CGI တွေဖြစ်ပေမဲ့ ရိုက်တဲ့အခါ တကယ်ဖေါက်ခွဲရေးပစ္စည်းတွေသုံး စတန့်တွေ လူတွေရှုပ်အောင်သုံးပြီး ရိုက်ပါတယ်။ TF Franchise ရဲ့ သုံးကားမြောက် Dark of the Moon က ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ကားကိုထိန်းထားတဲ့ စတီးကြိုး ရုတ်တရတ် ပြတ်ထွက်သွားပြီး ကားလေကာမှန်ကို ခွဲ၊ ကားထဲမှာထိုင်နေတဲ့ စတန့်မဟုတ်တဲ့ extra ဖြစ်သူ Gabriela Cedillo ကို သွားရိုက်မိပါတယ်။ အဲအတွက် Gabriela ဟာ မျက်နှာမှာ ဒဏ်အရာအကြီးအကျယ်ရခဲ့သလို brain damage ပါ ဖြစ်ခဲ့လို့ လနဲ့ချီအောင် Paramount ကို တရားစွဲခဲ့ပါတယ်။ နောက်ဆုံးတော့ မတော်တဆမှုအတွက် လျော်ကြေး $18 million ပေးလျော်ခဲ့ရပါတယ်။


Rambo: First Blood Part II

အက်ရှင်မင်းသားကြီး Stallone ရဲ့ နာမည်ကျော် Rambo ရုပ်ရှင် ဒုတိယကားပါ။ ပေါက်ကွဲမှုတွေ စတန့်တွေနဲ့ အဓိက ပုံဖော်ထားတဲ့ ဒီကားကိုဖန်တီးခဲ့တာမှာ မတော်တဆမှုကြောင့် သေဆုံးခဲ့သူကတော့ special effects techinician တစ်ယောက်ဖြစ်သူ Cliff Wenger Jr. ပါ။ သူဟာ ရုပ်ရှင်ထဲမှာ ပါတဲ့ များစွာတဲ့ ပေါက်ကွဲမှုတွေကို ကိုင်တွယ်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေခဲ့သလဲဆိုတာတော့ သိပ်ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တချို့ကတော့ ဗုံးထောင်ရင်း ရေတံခွန်ထဲ ချော်ကျသွားတယ်လို့ ပြောသလို တချို့ကတော့ ထောင်နေတဲ့ ဗုံး ထပေါက်လို့လို့ ပြောကြပါတယ်။

Stallone ရုပ်ရှင်တွေထဲမှာ နောက်ထပ် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ရတာကတော့ The Expendables 2 အက်ရှင်ဇာတ်ကြမ်းပါ။ ပေါက်ကွဲမှုတစ်ခု ရိုက်တဲ့အချိန် စတန့်နှစ်ယောက်လည်း မလွတ်မကင်းဖြစ်သွားလို့ တစ်ယောက်သေဆုံးခဲ့ပြီး နောက်တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။


The Crow

Hollywood ရုပ်ရှင်လောကမှာ လူသိအများဆုံး ရိုက်ကွင်းမတော်တဆမှုကတော့ The Crow ရုပ်ရှင်ပါ။ ရုပ်ရှင်ရဲ့ အဓိက သရုပ်ဆောင် Brandon Lee ဟာ Bruce Lee ရဲ့ သားလည်းဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းအရ Brandon Lee ဟာ သေနတ်ကျည်မှန်မှာပါ။ ဒါပေမဲ့ သေနတ်ပစ်လိုက်တဲ့အချိန်  သေနတ်နဲ့ ကျည်ဆံခွံတို့ဟာ သေချာရှင်းလင်းထားခြင်းမရှိလို့ ထိပ်ဖူးမပါတဲ့ ကျည်ခွံထဲက အတိုအစအချို့ Brandon Lee ရင်ဘတ်ကို ကျည်ဆံမှန်သလို မှန်ခဲ့ပါတယ်။ ဒါနဲ့ပဲ Brandon Lee ဟာ ဆေးရုံမှာ သွေးလွန်ပြီး သေဆုံးခဲ့ပါတယ်။

အဲအတွက် မတော်တဆမှုမှာ သေနတ်ပစ်ခဲ့တဲ့ မင်းသား Michael Messe လည်း သွေးပျက်ခဲ့ရလို့ တစ်နှစ်လောက် သရုပ်ဆောင်အဖြစ်က နားခဲ့ပါတယ်။ ရုပ်ရှင်ကိုတော့ Brandon Lee ရဲ့ stunt double ကိုပဲ မျက်နှာကို CGI နဲ့ပြင်ပြီး ပြီးအောင် ဆက်ရိုက်ခဲ့ပါတယ်။


The Twilight Zone

The Twilight Zone ဟာ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်သံ series တစ်ခုဖြစ်ပါတယ်။ 1983 မှာတော့ ရုပ်ရှင်ကားတစ်ကား ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ဝင်ခန်းအပိုင်းတွေကို နာမည်ကျော် ဒါရိုက်တာတွေဖြစ်တဲ့ Stephen Spielberg, John Landis, George Miller နဲ့ Joe Dante တို့က ကိုယ်စီ ရိုက်ကူးခဲ့ပါတယ်။ John Landis ရဲ့ ရိုက်ကူးတဲ့အလှည့်မှာပါ။ ဇာတ်ကောင်ဟာ ကလေးနှစ်ယောက်ကို ချီပြီး နောက်လိုက်နေတဲ့ ရဟတ်ယာဉ်ဆီက ထွက်ပြေးတဲ့အခန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းအရ ဖေါက်ခဲ့တဲ့ ဖေါက်ခွဲမှုက ရဟတ်ယာဉ်နဲ့ မလွတ်ဖြစ်ခဲ့လို့ ရဟတ်ယာဉ်ရဲ့ နောက်မှီးဒလက် tail rotor ကို ထိခိုက်မိခဲ့ပါတယ်။ အဲအတွက် ရဟတ်ယဉ် မြေပြင်ကိုပျက်ကျခဲ့ပြီး အောက်မှာ ရှိနေတဲ့ မင်းသား Vic Morrow နဲ့ ကလေးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Myca Dinh Le နဲ့ Shin-Yi Chen တို့ သုံးယောက်လုံး ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပါတယ်။ (Morrow နဲ့ Dinh Le တို့ဟာ ရဟတ်ယာဉ် ဒလက်ကြောင့် ခေါင်းပြတ်သွားခဲ့ရပြီး Chen ကတော့ ရဟတ်ယာဉ် ခြေနင်းဒေါက် landing skid အောက်မှာ ပိသွားခဲ့တာပါ)။ အဲမှာ ကလေးသရုပ်ဆောင် နှစ်ယောက်လုံးဟာ Hollywood ရဲ့ အသက်မပြည့် ကလေးသူငယ် အလုပ်သမားဥပဒေ child labor law ကို ရှောင်ချင်လို့ဆိုပြီး တရားမဝင်ငှားထားခဲ့တာတွေဖြစ်သလို လုပ်အားခကိုလည်း ကွယ်ဝှက်ပြီး ပေးထားခဲ့တာလည်းဖြစ်လို့ တရားရင်ဆိုင်ခဲ့ရတာတွေ ဖြစ်ခဲ့ပါတယ်။


 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *