Star Wars Original Trilogy

slide

Datshin Special Report: Star Wars Saga

Star Wars ရုပ်ရှင်တွေဟာ 1977 က စတင်ထွက်ရှိခဲ့တဲ့ စိတ်ကူးယာဉ်သိပ္ပံဇာတ်ကားတွေဖြစ်ပြီး အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး Sci-Fi franchise လို့ပြောလို့ရပါတယ်။ (Star Wars ရုပ်ရှင်တွေက အနာဂတ်ကာလက မဟုတ်ပါဘူး။ ဟိုးရှေးရှေးတုန်းက အရမ်းဝေးတဲ့ galaxy တစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်)။ မေလ ၄ ရက်နေ့ရောက်တိုင်း May the Fourth with you ဆိုပြီး Star Wars Day ကျင်းပရအောင်ကို လွှမ်းမိုးမှုကြီးမားပါတယ်။ Star Wars ကို မူလ Episode IV, V နဲ့ VI ဆိုပြီး အရင်ထွက်ပါတယ်။ နောက် 1999 နောက်ပိုင်းမှာ prequel တွေဖြစ်တဲ့ Episode I, II နဲ့ III တို့ ထွက်ခဲ့ပါတယ်။ Fan အများစုက classic တွေဖြစ်တဲ့ ရှေးကားတွေကို artistic ပိုဖြစ်ပြီး ဇာတ်လမ်းလည်း ပိုကောင်းတဲ့အတွက် ပိုသဘောကျပြီး နောက်ထွက်တဲ့ Prequel တွေကို CGI တွေနဲ့ပြည့်နေပြီး အရင်ကားတွေလောက်မကောင်းဘူးဆိုပြီး တော်တော်စိတ်ကုန်ခဲ့ကြပါတယ်။

ခု လာမဲ့ ဒီဇင်ဘာ (၁၈)မှာ Star Wars Fan စစ်စစ်ကြီးဖြစ်တဲ့ ဒါရိုက်တာ ကျော်အမော်ကြီး J.J Abram ရိုက်တဲ့ Star Wars Episode VII: The Force Awakens ရုံတင်မှာဖြစ်တဲ့အတွက် Fan တွေကလည်း တော်တော် ဂနာမငြိမ်ဖြစ်နေပါပြီ။ လက်မှတ်တွေ pre-order လုပ်ခွင့်ပေးလိုက်တာက ညတွင်းချင်း website down သွားရအောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဒီကပရိတ်သတ်ကြီးတွေထဲကလည်း ဒီအပိုင်းသစ်ကို ကြည့်ချင်ပေမဲ့ အရင်ကားတွေကို မကြည့်ဘူးသေးတဲ့သူတွေ ကြည့်ဖို့အချိန်မရတဲ့သူတွေအတွက် Star Wars ကား (၆)ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေအချို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်လမ်းကိုဖော်ပြတာမှာ Synopsis လိုမျိုးဖော်ပြထားလို့ spoiler တွေပြည့်နေတယ်ဆိုတာ သတိပြုပါ။ ပြီးတော့ မူလဇာတ်လမ်းအရသာ မပျက်အောင်လို့ ထွက်ခဲ့တဲ့ အစီအစဉ်အတိုင်း Classic တွေဖြစ်တဲ့ အပိုင်း ၄၊ ၅ နဲ့ ၆ တို့ကို အရင်တင်ပြမှာဖြစ်ပါတယ်။ မနက်ဖြန်ကျရင် prequel တွေဖြစ်တဲ့ အပိုင်း ၁၊ ၂ နဲ့ ၃ တို့ကို ဖော်ပြပေးသွားပါမယ်။ နောက်တစ်နေ့မှာတော့ နောက်ဆုံးလာမဲ့ အပိုင်း (၇) နဲ့ပတ်သက်တဲ့ သိထားတဲ့ official အချက်အလက်တွေ တင်ပြပေးသွားမှာဖြစ်ပါတယ်။

တင်ပြပေးတဲ့ထဲမှာ မှားတာ လိုတာရှိရင် ဖြည့်စွက် ထောက်ပြပေးကြပါဦးလို့။

May the force be with you all.

IV

Star Wars Episode IV: A New Hope (1977)

Episode 4

Galaxy ကြီးတစ်ခုလုံးမှာ ပြည်တွင်းစစ်ဖြစ်နေပါတယ်။ အစိုးရဖြစ်တဲ့ Galatic Empire နဲ့ ပုန်ကန်သူတွေဖြစ်တဲ့ Rebel Alliance တို့ကြား ဖြစ်နေတာပါ။ သူပုန်တွေရဲ့ Spy တွေက Empire ရဲ့ လျှို့ဝှက်လက်နက်ကြီးဖြစ်တဲ့ Death Star ရဲ့ plan တွေကို ခိုးပြီး ထွက်ပြေးလို့ နောက်က Empire တပ်တွေ လိုက်ဖမ်းပါတယ်။ Death Star ဆိုတာ အင်မတန်မှ အရွယ်အစားကြီးတဲ့ အာကာသစခန်းကြီးဖြစ်ပြီး ဂြိုလ်တွေကို အလုံးလိုက် ဖောက်ခွဲဖျက်စီးနိုင်တဲ့အထိ စွမ်းအားကြီးတဲ့ လက်နက်ကြီးပါ။ ခိုးလာတဲ့ Plan တွေက သူပုန်တွေရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Princess Leia ဆီမှာရှိပါတယ်။ သို့ပေမဲ့ သူထွက်ပြေးလာတဲ့ ယာဉ်ပျံဟာ Empire တပ်တွေ ဖမ်းတာခံလိုက်ရတဲ့အခါမှာတော့ Leia ဟာ plan တွေကို သူ့စက်ရုပ်တစ်ရုပ် droid တစ်ခုဖြစ်တဲ့ R2D2 ထဲမှာ သိမ်းထားပြီးတော့ video recording တစ်ခုထည့်ပြီး အကူအညီတောင်းခိုင်းပါတယ်။ R2D2 ဟာ တခြားစက်ရုပ်တစ်ရုပ်ဖြစ်တဲ့ C3PO နဲ့အတူ ယာဉ်ပျံပေါ်က ထွက်ပြေးပြီး Tatooine ဂြိုလ်ဆီကို သွားကြပါတယ်။ ဟိုရောက်တော့ Jawa ဆိုတဲ့ အကောင်တွေ ဖမ်းတာခံရပါတယ်။ နောက်တော့ Jawa ကောင်တွေက သူတို့ရှာထား ဖမ်းထားတဲ့ စက်ရုပ်တွေကို လိုက်ရောင်းရာက Luke Skywalker တို့အိမ်ကိုရောက်တာ့ R2D2 နဲ့ C3PO တို့ကို ရောင်းဖြစ်ခဲ့တယ်။

ဒီလိုနဲ့ Luke တစ်ယောက် စက်ရုပ်တွေကို သန့်ရှင်းရေးလုပ်ပေးရင်းနဲ့မှ သိမ်းထားတဲ့ video recording hologram ကိုတွေ့သွားရာကနေ အရမ်းချောတဲ့ princess Leia ရဲ့ အကူအညီတောင်းတာကို တွေ့သွားတယ်။ Princess က Obi-wan Kenobi ကို ရှာပေးဖို့ ပြောတော့ သူသိတဲ့ Ben Kenobi ဆိုတဲ့ အဖိုးကြီးတစ်ယောက်လားလို့ ထင်ပြီး လိုက်ရှာပါတယ်။ Ben ကလည်း တကယ် Obi-wan ဖြစ်နေပါတယ်။ Obi-wan ပြောလို့သိရတာကတော့ သူဟာ အရင်က Jedi တစ်ယောက်ပါ။ The Force ဆိုတဲ့ supernatural force တွေကို သုံးနိုင်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ galaxy ကို ငြိမ်းချမ်းအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ သူရဲကောင်းတွေဖြစ်ပြီး နောက်ပိုင်းမှာ Empire ရဲ့ ဖြိုခွဲတာကို ခံခဲ့ရပြီး Jedi မျိုးပြုတ်ပြီး ဘယ်သူမှ မကျန်တော့အောင်ကို ဖြစ်နေပါပြီ။ အရင်က Obi-Wan က Luke ရဲ့အဖေဖြစ်တဲ့ Anakin Skywalker နဲ့အတူတူ တိုက်ပွဲဝင်ခဲ့ဖူးတယ်။ သို့ပေမဲ့  Anakin ဟာ တပည့်ရင်း Vader ကသစ္စာဖောက်ပြီးသတ်လို့ သေသွားခဲ့တယ်ဆိုတာပါ။ Vader ဟာ ခုဆို လူဆိုးဘက်ဖြစ်တဲ့ အမှောင်ဘက်ခြမ်း The Dark Side ကိုရောက်သွားပြီဖြစ်ပါတယ်။ နောက်တော့ Obi-wan ဟာ Luke ကို သူ့အဖေကိုင်ခဲ့တဲ့ Lightsaber ကို ထုတ်ပေးပါတယ်။

Obi-wan ဟာ Princess Leia ရဲ့ သတင်းစကားကို ကြားပါတယ်။ Leia ဟာ သူ့နေရပ် ဂြိုလ်ဖြစ်တဲ့ Alderaan ကို သွားပြီး Death Star အကြောင်း သတင်းပေးဖို့ အကူအညီတောင်းတာဖြစ်ပါတယ်။ ဒါနဲ့ပဲ Obi-Wan ဟာ Luke ကိုခေါ်ပြီး Alderaan ကိုသွားဖို့လုပ်ပါတယ်။ Luke က အစက မလိုက်ချင်ပေမဲ့ Empire တပ်တွေဖြစ်တဲ့ Stormtrooper တွေက သူ့အိမ်ကို ဝင်မွှေပြီးသူ့ဦးလေးနဲ့ အဒေါ်တို့ကို ရက်ရက်စက်စက် သတ်သွားတာ တွေ့တော့ သွားဖို့အတွက် သဘောတူခဲ့တယ်။ Alderaan ကိုသွားဖို့အတွက် မှောင်ခိုသမားဖြစ်တဲ့ Han Solo နဲ့ သူ့ partner Chewbacca တို့မောင်းတဲ့ Millennium Falcon ဆိုတဲ့ ယာဉ်ပျံကို ငှားပါတယ်။ Light Speed နဲ့သွားလို့ Alderaan ကို ရောက်တဲ့အချိန်မှာတော့ Alderaan ဟာ Death Star လက်ချက်နဲ့ ပျက်စီးနေပြီဖြစ်ပြီး တစ်စစီဖြစ်နေပါပြီ။ Luke တို့အဖွဲ့လည်း Death Star က လှမ်းဆွဲပြီး ဖမ်းလို့ အဖမ်းခံရပေမဲ့ Princess Leia ကို ကယ်ပြီး ထွက်ပြေးလာနိုင်ခဲ့တယ်။ သို့ပေမဲ့ Obi-Wan ဟာ လူဆိုးကြီး Darth Vader လက်ချက်နဲ့ သေသွားခဲ့ပါတယ်။ Luke တို့ ထွက်ပြေးပြီး သူပုန်စခန်းရှိတဲ့ Yavin 4 ကို ရောက်ခဲ့ပေမဲ ခြေရာခံစက်ထည့်ပေးထားတဲ့အတွက် Empire ကလည်း နောက်က လိုက်လာနိုင်ခဲ့တယ်။

သူပုန်တွေ လေ့လာတွေ့ရှိတာကတော့ Death Star ရဲ့ exhaust ပေါက်သေးသေးလေးက အတွင်းပိုင်းက reactor ထိ သွားတယ်ဆိုတယ်ဆိုတဲ့ ဟာကွက်ပါ။ Deah Star ကလည်း သူပုန်စခန်းရှိတဲ့ ဂြိုလ်ကို ဖျက်ဖို့လုပ်နေတုန်းမှာ သူပုန်တပ်တွေက X-Wing တိုက်လေယာဉ်တွေနဲ့ ထွက်တိုက်ပြီး exhaust ပေါက်ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဘယ်သူမှ အောင်မြင်အောင် မပစ်နိုင်ပေမဲ့ နောက်ဆုံးမှာ Luke ဟာ Force ရဲ့ အကူအညီနဲ့ ပစ်မှတ်ကို ထိအောင် ပစ်နိုင်ခဲ့လို့ Death Star ကို ဖျက်စီးနိုင်ခဲ့တယ်။ အဲဒီအတွက် Luke Skywalker နဲ့ Han Solo တို့ဟာ သူပုန်တပ်တွေရဲ့ သူရဲကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

 

V

Star Wars Episode V: The Empire Strikes Back

Episode 5

Death Star ပျက်ပြီး (၃) နှစ်ကြာတဲ့အခါမှာတော့ Empire ရဲ့ ထိုးစစ်ကို မခံနိုင်လို့ သူပုန်တွေဟာ တပ်ဆုတ်ပြီး နှင်းတွေ ရေခဲတွေနဲ့ပြည့်နေတဲ့ Hoth ဆိုတဲ့ဂြိုလ်မှာ ပြောင်းရွေ့ခန်းချပါတယ်။ Empire တပ်ကလည်း Darth Vader ဦးဆောင်ပြီးကို Han Solo, Luke နဲ့ Leia တို့ကို တောက်လျှောက်လိုက်ပါတယ်။ Luke ဟာ ဆုံးသွားပြီးဖြစ်တဲ့ Obi-wan Kenobi ရဲ့ spirit ကို တွေ့ပါတယ်။ Obi-wan က Luke ကို Dagobah ဆိုတဲ့နေရာကိုသွားပြီး Jedi Master ကြီး Yoda ဆီသွားပြီး တပည့်ခံဖို့ပြောပါတယ်။ အဲဒီအချိန်မှာပဲ Empire တပ်တွေရောက်လာပြီး Hoth ဂြိုလ်ကို အပြင်းအထန် တိုက်တယ်။ သူပုန်စခန်းကျသွားပေမဲ့ Han Solo, Chewbacca, Leia, C3PO တို့နဲ့ တခြား သူပုန်တော်တော်များများ လွတ်သွားပါတယ်။ Luke ကလည်း လွတ်သွားပေမဲ့ Han Solo တို့ဆီမသွားတော့ဘဲ Dagobah က Master Yoda ကိုရှာပုံတော်ထွက်ခဲ့တယ်။ ဟိုရောက်တော့ မထင်မှတ်ထားတဲ့ ပုံနဲ့ Yoda ကိုတွေ့တယ်။ တပည့်ခံဖို့ ပြောပါတယ်။Yoda က လက်မခံချင်ပေမဲ့ Obi-Wan ရဲ့ Spirit နဲ့ ပြောပြီးနောက် လက်ခံလိုက်ပါတယ်။

Han Solo တို့အဖွဲ့ကလည်း Cloud City ကို သွားကြတယ်။ Han ရဲ့ သူငယ်ချင်းဖြစ်တဲ့ Lando Calrissian နဲ့ တွေ့တယ်။ သိပ်မကြာခင်မှာပဲ Lando ရဲ့ ထောင်ခြောက်မှုကြောင့် Darth Vader ရဲ့ ဖမ်းတာခံလိုက်ကြရတယ်။ Vader ကလည်း Han Solo တို့အဖွဲ့ကို ဖမ်းပြီး Luke ကို မျှားထုတ်ချင်တာပါ။ Luke ကို ဖမ်းပြီး သူ့ဆရာဖြစ်တဲ့ Emperor ကြီး Darth Sidious ဆီကို ခေါ်သွားမှာဖြစ်ပါတယ်။ Luke ကလည်း Yoda ဆီမှာ အပြင်းအထန် training ဆင်းရင်းနဲ့မှ Han Solo တို့ အဖမ်းခံရတာကို အာရုံရလို့ Yoda တားနေတဲ့ကြားက Han တို့ကို ကယ်မယ်ဆိုပြီး ထွက်လာတယ်။

Darth Vader ဟာ Lando နဲ့ သဘောတူညီထားတဲ့အတိုင်း Leia ကို Lando ဆီကို အပ်တယ်။ Vader ဟာ Luke ကို carbon freezing လုပ်ပြီး ဖမ်းထားချင်တယ်။ အလုပ်ဖြစ်မဖြစ်စမ်းချင်တဲ့အတွက် Han Solo ကို စမ်းတယ်။ Han တစ်ယောက် carbonite အတုံးကြီးထဲမှာ ပိတ်မိသွားတယ်။ ဒါနဲ့ပဲ Han ကို Tatooine ဂြိုလ်ပေါ်က Jabba the Hutt လွှတ်လိုက်တဲ့ Bounty Hunter ဖြစ်တဲ့ Boba Fett ကို ပေးလိုက်တယ်။ အဲဒီအချိန်မှာပဲ Leia နဲ့ Lando တို့အဖွဲ့ဟာ Empire တပ်တွေဆီက ထွက်ပြေးကြတယ်။

Luke ရောက်လာတော့ Vader နဲ့ပက်ပင်းတိုးတယ်။ ဘယ်လိုမှ ယှဉ်မရလို့ နောက်တော့ Luke ရဲ့ လက်ပြတ်ပြီး သူ့အဖေရဲ့ Lightsaber ကိုပါ ဆုံးရှုံးလိုက်ရတယ်။ Vader က သူ့နဲ့ပေါင်းဖို့ Dark Side ကို လာဖို့ ပြောတာ လုံးဝ လက်မခံပါဘူး။ အဲဒီမှာ Vader က သူဟာ Luke ရဲ့ အဖေဖြစ်ကြောင်း ထုတ်ပြောပါတယ်။ လုံးဝမယုံကြည်နိုင်တဲ့ Luke ဟာ လေပြွန်ပေါက်တွေကတဆင့် ထွက်ပြေးပြီးတော့ နောက်ဆုံး Leia နဲ့ Lando တို့နဲ့ သွားဆုံပြီး Falcon ကိုစီးကာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ နောက်တော့ Luke တစ်ယောက် စက်ရုပ်လက်ကို တပ်ဆင်ခဲ့တယ်။ Lando နဲ့ Chewbacca တို့ကတော့ Falcon ကိုစီးပြီး Han Solo ကို ကယ်ဖို့အတွက် Bobba Fett နဲ့ Jabba the Hutt တို့ကို ရှာဖို့ Tatooine ကို ထွက်လာခဲ့ပါတယ်။ Luke နဲ့ Leia တို့ ကတော့ ယာဉ်ပျံကြီးပေါ်မှာ ကျန်ခဲ့ကြပါတယ်။

 

VI

Star Wars Episode VI: Return of the Jedi (1983)

Episode 6

Jabba the Hutt ဆီမှာ အဖမ်းခံထားရတဲ့ Han Solo ကို ကယ်ဖို့အတွက် Luke တစ်ယောက် Tatooine ကို လိုက်သွားပါတယ်။ Leia ကလည်း bounty hunter ဟန်ဆောင်ပြီး Jabba the Hutt ဆီကို ခိုးဝင်ပါတယ်။ သို့ပေမဲ့ အဖမ်းခံရပြီး ကျွန်ပြုခံရတယ်။ နောက်တော့ Luke ရောက်လာတဲ့အတွက် Chewbacca, Lando, C3PO နဲ့ R2D2 တို့ အကူအညီနဲ့ carbonite ထဲ မြုပ်နေတဲ့ Han Solo အပြင် Leia တို့ပါ လွတ်မြောက်သွားပါတယ်။ Jabba the Hutt လည်း Leia လက်ချက်နဲ့ သေသွားခဲ့တယ်။

လွတ်မြောက်သွားတဲ့အခါမှာ ကျန်သူတွေအကုန် သူပုန်တပ်တွေဆီ ပြန်သွားကြပေမဲ့ Luke ကတော့ Dagobah ကို ပြန်သွားပြီး Master Yoda ကို သွားတွေ့ပါတယ်။ Yoda က သေခါနီးဖြစ်နေပါပြီ။ Yoda က Darth Vader ဟာ Luke ရဲ့ အဖေ Anakin Skywalker ဖြစ်တယ်ဆိုတာ ပြောပြခဲ့ပြီး Obi-wan ရဲ့ Spirit က နောက်ထပ် Skywalker တစ်ယောက် ရှိသေးတယ်လို့ပြောပါတယ်။ ဆိုတော့ Luke မှာ အမြွာ ညီမတစ်ယောက်ရှိပါသေးတယ်။ ဘယ်သူလည်းဆိုတော့ Leia ပါ။ Obi-wan က Empire ကို အနိုင်တိုက်ဖို့အတွက် Darth Vader ကို ရင်ဆိုင်ဖို့ Luke ကိုပြောပါတယ်။

သူပုန်တပ်တွေကလည်း Empire တပ်ကြီးက အရင် Death Star ထက်ကြီးတဲ့ ပိုကြမ်းတဲ့ Death Star အသစ်ကို ဆောက်နေတယ်ဆိုတာ သိလိုက်ကြရတယ်။ လူဆိုးကြီး Emperor Palpatine ကိုယ်တိုင် ကြီးကြပ်ပြီး ဆောက်တာဖြစ်ပါတယ်။ နောက်ထပ်သိလိုက်တာက Emperor ကိုယ်တိုင် ဆောက်လုပ်ဆဲ Death Star ပေါ်ရောက်နေတယ်ဆိုတာပါပဲ။ ဆိုတော့ သူပုန်တပ်တွေက အရင်လိုပဲ Death Star ကို ဖျက်ဆီးရင်းနဲ့ တစ်ခါထည်း Emperor ကိုပါ သတ်ဖို့ ကြံကြပါတယ်။ Death Star ကြီး ရှိတာက Endor ဆိုတဲ့ ဂြိုလ်နားမှာဖြစ်ပြီး ဂြိုလ်ပေါ်က energy shield က ကာကွယ်ပေးထားလို့ Death Star ကို တိုက်ရိုက် တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Han Solo ဦးဆောင်တဲ့ မြေပြင်တပ်တွေက Endor ဂြိုလ်ပေါ်သွားပြီး Energy Shield generator ကို ဖျက်ကြပါမယ်။ ပျက်သွားတဲ့အခါမှာ သူပုန် ယာဉ်ပျံအုပ်ကြီးက warp နဲ့ Death Star ဆီရောက်လာပြီး တိုက်ခိုက်ကြမှာပါ။

Luke, Leia နဲ့ Han Solo တို့အဖွဲ့ဟာ ခိုးထားတဲ့ Empire ယာဉ်ပျံတစ်စင်းကို စီးပြီး Endor ဂြိုလ်ပေါ် သွားကြပါတယ်။ ဟိုရောက်တော့ ဂြိုလ်ပေါ်က Ewok ဆိုတဲ့ ကောင်လေးတွေနဲ့တွေ့ ပြဿနာ တက်ကြပြီး နောက်တော့ C3PO ရဲ့ အစွမ်းကြောင့် Ewok တွေနဲ့ မိတ်ဆွေတွေဖြစ်ခဲ့တယ်။ Luke ဟာ Leia ကို သူတို့ဟာ မောင်နှမ ဖြစ်ကြောင်းပြောပါတယ်။ ပြီးတော့ လူဆိုးကြီးဖြစ်နေတဲ့ သူ့တို့အဖေ Darth Vader ကို စိတ်ကောင်းဝင်လာအောင် Dark Side ကနေ ထွက်လာအောင် လုပ်ဖို့ ရင်ဆိုင်ရမယ်လို့ပြောပြီး Empire တပ်တွေဆီမှာ လက်နက်ချ အညံ့ခံလိုက်ပါတယ်။ Darth Vader နဲ့တွေ့တော့ Luke ခမျာ သူ့အဖေကို စိတ်ကောင်းဝင်အောင် အမျိုးမျိုးဖြောင်းဖျပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

Darth Vader ဟာ Luke ကို သူ့သခင်ကြီးဖြစ်တဲ့ Darth Sidious (Emperor Palpatine) ဆီကိုခေါ်သွားပါတယ်။ နှစ်ယောက်ပေါင်းပြီး Luke ကို လူဆိုးဖြစ်အောင် Dark Side ကို လာအောင် လုပ်မှာဖြစ်ပါတယ်။ Emperor က Luke ကိုပြောပြတာကတော့ Death Star ကြီးက ဆောက်ပြီးနေပြီဖြစ်ပြီး သက်သက် မပြီးသေးဘူး လုပ်ထားတာ၊ Han Solo တို့ Shield Generator ကို လာတိုက်မှာလည်း သိတယ်၊ Shield ပျက်ပြီဆိုပြီး ရောက်လာတဲ့ သူပုန်တပ်တွေကိုလည်း တိုက်ဖို့ တန်ပြန်တိုက်စစ် လုပ်ထားပြီးသားဆိုတာပါ။ သူပြောတဲ့အတိုင်းပဲ Han Solo နဲ့ Leia တို့အဖွဲ့လည်း Shield Generator ကို မဖျက်နိုင်ခင်မှာ အဖမ်းခံရတယ်၊ Warp နဲ့ရောက်လာတဲ့ သူပုန် ယာဉ်ပျံတပ်ကြီးကလည်း အသင့်စောင့်နေတဲ့ Empire တပ်တွေနဲ့ တွေ့လို့ အကျအဆုံးတွေအရမ်းများလာတယ်။ Emperor ကလည်း Luke တစ်ယောက် စိတ်ရှုပ်ထွေးတာ ဒေါသထွက်တာတွေ မဖြစ်ဖြစ်အောင် လုပ်ပြီး Dark Side ကို မရောက်ရောက်အောင် လုပ်ပါတယ်။ ဒါပေမဲ့ Luke က စိတ်မပြောင်းဘဲ သူ့အဖေ Darth Vader ကို တိုက်ခိုက်ပါတယ်။ Darth Vader ရဲ့ စက်ရုပ်လက်ဖြစ်တဲ့ ညာဘက်လက် ပြတ်သွားတယ်။ အဲဒီမှာ Emperor က Luke ၊ Darth Vader ကို သတ်လိုက်၊ ပြီး သူ့နေရာဖြစ်တဲ့ ငါ့လက်ရုံးနေရာကိုယူဆိုပြီးပြောပါတယ်။ ဒါပေမဲ့ Luke က သူဟာ သူ့အဖေလိုပဲ Jedi ပါ ဆိုပြီး သူ့အဖေကို မသတ်ပါဘူး။ ဒါနဲ့ပဲ Emperor က Luke ကို Force Lightning နဲ့ တိုက်ပြီး သတ်ဖို့လုပ်ပါတယ်။ အဲဒီအချိန်မှာ သနားစိတ်ဝင်လာတဲ့ Darth Vader ဟာ သူ့သား ခံစားနေရတာ မကြည့်ရက်လို့ဆိုပြီး Emperor ကို ပြန်သတ်လိုက်ပါတယ်။ သူလည်း Force Lightning တွေထိပြီး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

Endor ဂြိုလ်ပေါ်မှာလည်း Han Solo တို့အဖွဲ့က Ewok လေးတွေ အကူအညီနဲ့ Empire တပ်တွေကို အနိုင်တိုက် လွတ်မြောက်သွားပြီး Shield Generator ကို ဖျက်လိုက်နိုင်တယ်။ Shield ပျက်သွားတဲ့အတွက် Lando ဦးဆောင်တဲ့ သူပုန်ယာဉ်ပျံတွေက Death Star ရဲ့ Main reactor ကို ဖျက်ဆီးပြီး Death Star ကိုလည်း ဖျက်ဆီးလိုက်နိုင်ပါတယ်။

ပေါက်ကွဲခါနီးဖြစ်နေတဲ့ Death Star ပေါ်မှာလည်း သေခါနီး Darth Vader က သူ့သားမျက်နှာကို သူ့မျက်စိနဲ့ တွေ့ချင်တယ်ဆိုပြီး မျက်နှာဖုံး ချွတ်ခဲ့ပါတယ်။ နောက်တော့ သေသွားပါတယ်။ Luke ဟာ သူ့အဖေအလောင်းကို သယ်ပြီး ယာဉ်ပျံတစ်စင်းနဲ့ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ညကျတော့ Emperor နဲ့တကွ Empire ကြီးကို အောင်နိုင်ခဲ့လို့ Endor ဂြိုလ်ပေါ်မှာ အောင်ပွဲခံကြပါတယ်။ Darth Vader သို့ Anakin Skywalker ရဲ့ အလောင်းကိုလည်း မီးရှို့ သဂြိုလ်ခဲ့ကြတယ်။ Luke တစ်ယောက် တွေ့လိုက်ရတာက သူ့အဖေ Anakin Skywalker ၊ သူ့ဆရာ Obi-wan Kenobi နဲ့ Master Yoda တို့ရဲ့ Spirit တွေ သူ့ကို ရပ်ကြည့်နေတာကိုပါ။

 
 

 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *