Cast Away (2000) Trivia

slide

ဒီတစ်ခေါက်တော့ Tom Hanks နဲ့ Robert Zemeckis တို့ရဲ့ Cast Away အကြောင်း တင်ဆက်ပေးသွားပါ့မယ်။ Spoiler Alert!

Ref; IMDB


လူလတ်ပိုင်းအရွယ်ပုံမျိုးဖြစ်အောင် Tom Hanks က လေ့ကျင့်ခန်းဘာညာ မလုပ်ဘဲ နည်းနည်းခပ်ဝဝပုံဖြစ်အောင် ခန္ဒာကိုယ်ကို ပစ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်းပေါ်မှာ ၄ နှစ်ကြာ သောင်တင်ခဲ့တဲ့အချိန် ပြောင်းလဲသွားတဲ့ ခန္ဒာကိုယ်ကိုရဖို့အတွက် production ကို ၁ နှစ်လောက် ရပ်ထားခဲ့တယ်။ အဲအချိန်အတွင်း Tom Hanks က အလေးချိန် ပေါင် ၅၀ လျှော့ခဲ့ပြီး ဆံပင်ရှည် မုတ်ဆိတ်မွှေးရှည်အောင် ထားခဲ့ပါတယ်။ အဲလိုပဲ ရတဲ့အချိန်အတွင်းမှာ ဒါရိုက်တာ Robert Zemeckis က Cast Away ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ပဲ What Lies Beneath ကို ရိုက်ကူးခဲ့ပါတယ်။

ကျွန်းပေါ်မှာ တစ်ယောက်တည်းရှိတုန်း ဖေါ်ရဖို့ဆိုပြီး volleyball လေး Wilson ကို စကားတွေပြောတဲ့နေရာမှာ ပိုအသက်ဝင်စေဖို့အတွက် Wilson ပြန်ပြောရမဲ့ dialogue တွေပါ တကယ်ရေးထားခဲ့ပါတယ်။

ဇာတ်ကားအတွင်း Chuck တစ်ယောက် ကျွန်းပေါ်မှာ တစ်ယောက်တည်း အသက်ရှင်နိုင်ဖို့ နည်းမျိုးစုံကြိုးပမ်းရတာ ပိုရိုက်နိုင်ဖို့ ရိုက်ကူးရေးအဖွဲ့ဝင်အချို့ကို ကျွန်းပေါ်မှာ ရက်အနည်းငယ်ထားခဲ့ပါတယ်။ အဲအဖွဲ့သားတွေက ဒီရက်ပိုင်းအတွင်း မရှိရှိတာနဲ့ မရရအောင် လုပ်ကြရင်း သိရှိလာတဲ့ နည်းတွေကို ဇာတ်ကားထဲ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ အဲအချက်တွေက မီးမွှေးရတာ အခက်တွေ့တဲ့အခန်း၊ အုန်းသီးခွဲတာ ခက်တဲ့အခန်း၊ volleyball ကို စကားပြောတာ၊ ကမ်းခြေမှာ ပစ္စည်းလိုက်ကောက်တာ ငါးဖမ်းတာတို့ ပါဝင်ပါတယ်။

ကျွန်းပေါ်က ဇာတ်ဝင်ခန်းတွေမှာပါတဲ့ အသံတွေစကားပြောတာတွေ အကုန်လုံးကို အစအဆုံးကို post production မှာ ပြန်အသံသွင်းကြရပါတယ်။ အသံပိုင်းဆိုင်ရာက William B. Kaplan က ကျွန်းပေါ်မှာတင် အသံသွင်းနိုင်အောင် တော်တော်ကြိုးပမ်းခဲ့ပေမဲ့ အနားက လှိုင်းတွေကြောင့် ဆူညံနေပြီး သုံးမရခဲ့ပါဘူး။

ကျွန်းပေါ်က ညဘက် ဇာတ်ဝင်ခန်းတွေအကုန်လုံးက နေ့ဘက်မှာပဲရိုက်ခဲ့တာပါ။ ပြီးမှာ post-production မှာ ပြန်ပြင်ခဲ့တာဖြစ်ပါတယ်။ ညဘက်ရိုက်တဲ့ တစ်ခုတည်းသောအခန်းက မီးရှို့တဲ့အခန်းပါ။

ရုပ်ရှင်နဲ့ပတ်သက်လို့ လူတော်တော်များများထင်ကြသလို FedEx က သူတို့ရုပ်ရှင်မှာ ပါဝင်ဖို့အတွက် ငွေပေးထားခဲ့တာမျိုး မရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ Robert Zemeckis က အင်တာဗျူးတွေမှာ ရှင်းရှင်းပြောထားဖူးပါတယ်။ ရိုက်မဲ့ ဇာတ်ကားမှာ FedEx လေယာဉ်ပျက်ကျတယ်ဆိုလို့ FedEx က တာဝန်ရှိသူတွေက နည်းနည်းစိုးရမ်ခဲ့ကြပေမဲ့ အပြီးသတ်ဇာတ်ညွှန်းကိုဖတ်အပြီး ဘာမှကန့်ကွက်တာမလုပ်ခဲ့ပါဘူး။ အဲအစား ဒီကားက FedEx လည်း နာမည်ရစေမဲ့ကားတစ်ကားပါပဲလို့ ပြောခဲ့ပါတယ်။

Tom Hanks က သူဒီကားကိုရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်းပေါ်မှာ သောင်တင်တဲ့ဇာတ်လမ်း ဆိုတဲ့ idea ကို ပြန်ဆန်းသစ်ချင်လို့ပါလို့ ပြောပါတယ်။ ဘာလို့ဆို လူတွေက အဲလိုဇာတ်လမ်းမျိုးဆို Robinson Crusoe နဲ့ Gilligan’s Island ဆိုတာကိုပဲ ပြေးမြင်နေကြပြီး အဲထက် ထပ်မတက်လာတော့တဲ့အတွက်လို့ ဆိုပါတယ်။

ဒီကားရုံတင်ပြီးနောက်ပိုင်း FedEx မှာ အလုပ်လျှောက်နှုန်း 30% တက်သွားခဲ့ပါတယ်။

2003 ခုနစ် Super Bowl မှာပြတဲ့ FedEx ကြော်ငြာမှာတော့ Cast Away ကားရဲ့ နောက်ဆုံးခန်းဖြစ်တဲ့ Tom Hanks က ပစ္စည်းသွားပို့တဲ့အခန်းကိုပြပါတယ်။ အဲမှာတော့ သူတံခါးခေါက်လိုက်တော့ အမျိုးသမီးတစ်ယောက်ထွက်လာတယ်။ ပစ္စည်းပေးအပြီး Chuck က အထဲမှာ ဘာတွေပါလဲလို့မေးတော့ အမျိုးသမီးက “ဘာမှမဟုတ်ပါဘူး။ Satellite phone တစ်လုံး၊ GPS နေရာရှာစက်၊ ငါးမျှားတံ၊ ရေသန့်စက် နဲ့ မျိုးစေ့ နည်းနည်းပါ” လို့ ပြောခဲ့ပါတယ်။ တကယ်လည်း ဒီ စက္ကူဗူးထဲ ဘာပါလဲဆိုတဲ့ မေးခွန်းကို USC က အမေးအဖြေခန်းမှာ Robert Zemeckis ကို မေးတော့ သူက “ရေစိုခံ နေရောင်ခြည်သုံး satellite phone ပါ” လို့ ဖြေပါတယ်။

Cast Away ရဲ့ trailer ထွက်လာတော့ အထဲမှာ ရုပ်ရှင်ရဲ့ နောက်ဆုံးဇာတ်သိမ်း Chuck လွတ်မြောက်ပြီး Kelly နဲ့ ပြန်ဆုံစည်းတာတွေပါ မြင်ရမှာပါ။ Robert Zemeckis ဟာ သူ့အ၇င်ကား What Lies Beneath မှာလည်း Trailer နဲ့ ဇာတ်လမ်းအကုန်သိရလို့ဆိုပြီး အပြောခံရပါတယ်။ ဒါကို သူက “ကျွန်တော်ရုပ်ရှင်နဲ့ ပတ်သက်ပြီး လေ့လာသလောက် marketing အထာတွေနဲ့ သိရသလောက်ဆို လူတွေက သူတို့ သိနိုင်သမျှအကုန်လုံးကို သိပြီးမှာ ကြည့်ချင်ကြတာဗျ။ အဲဒါတကယ့်အချက်ပါ။ ကျွန်တော်ကတော့ ရုပ်ရှင်ချစ်တဲ့ ရုပ်ရှင်အကြောင်းကိုလေ့လာသင်ယူနေဆဲဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ဆို ဒါတွေ မသိချင်ပါဘူး။ McDonald နဲ့ နှိုင်းပြီးပြောရမယ်ဆိုရင် McDonald အရမ်းအောင်မြင်နေတဲ့အချက်က ခင်ဗျားတို့အပေါ်မှာ ဘာ surprise မှ မရှိဘူးဗျ။ သွားစားရင် ဘယ်လိုအရသာရှိမလဲ ခင်ဗျားသိပြီးသား။” ဆိုပြီး ပြန်ရှင်းခဲ့ပါတယ်။

ရုပ်ရှင်ထဲမှာပါခဲ့တဲ့ ဘော်လီဘော ဘောလုံးတွေ ၃ လုံးထဲက ၁ လုံးကို လေလံနဲ့ပြန်ရောင်းတာမှာ $18,400 နဲ့ ရောင်းထွက်ခဲ့ပါတယ်။


 

 

Comments

comments

Share this post Leave a comment

About The Author

Leave a Reply

Your email address will not be published. Required fields are marked *