The Spiderman Trivia (2002)

slide

ချော်လဲသွားတဲ့ Mary Jane နဲ့အတူ လေထဲ ပြန့်ကျဲပြီး ပြုတ်ကျလာတဲ့ စားစရာတွေကို Peter Parker တစ်ယောက် အမိအရဖမ်းမိခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ CGI လုံးဝသုံးမထားပါဘူး။ လင်ဗန်း လက်ထဲမှာ ကပ်နေအောင် ကော်လိုမျိုး စေးကပ်တဲ့အရာသုံးထားခဲ့ရပြီး ၁၅၆ ခေါက် ကြိုးစားအပြီးမှာတော့ ဇာတ်ဝင်ခန်းထဲကအတိုင်း Tobey က လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

Hugh Jackman ပြောတာက သူဟာ အဲရုပ်ရှင်မှာ Wolverine အဖြစ် cameo ပါဖို့ လုပ်ခဲ့ရသေးတယ်ဆိုတာပါ။ အဲအတွက် Hugh Jackman က ရိုက်ကူးရေးလုပ်ဖို့ New York ကိုတောင် လာဖြစ်ခဲ့ပေမဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက X-Men ရုပ်ရှင်ထဲက Wolverine ဝတ်စုံကို အရမယူနိုင်ခဲ့လို့ မရိုက်ဖြစ်ခဲ့ပါဘူး။

ဖွင့်ဖွင့်ချင်း weekend မှာ ဝင်ငွေဒေါ်လာ သန်း ၁၀၀ ရခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အဲအချိန်က ဘယ်ရုပ်ရှင်ကမှ ငွေကြေးဖောင်းပွမှုနဲ့ တွက်ထားခဲ့ရင်တောင် ဒီလိုဝင်ငွေမျိုး ရဖူးခဲ့တဲ့ကား မရှိခဲ့ပါဘူး။

Tobey Maguire ရဲ့ အခက်ခဲဆုံး ဇာတ်ဝင်ခန်းတစ်ခုကတော့ နာမည်ကျော်ခဲ့တဲ့ ဇောက်ထိုးအနေအထားတဲ့ Mary Jane ကို နမ်းတဲ့အခန်းပါး။ မိုးရေထဲဇာတ်ဝင်ခန်းမို့လို့ ဇောက်ထိုးဖြစ်နေတာ့ နှုတ်ခေါင်းထဲကတစ်ဆင့် ရေတွေ တောက်လျှောက်ဝင်လာလို့ပါ။

ဒါရိုက်တာ Sam Raimi ကို Sony က ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုက သူဟာ comic book တွေအရမ်းကြိုက်နှစ်သက် စုစောင်းတတ်သူဖြစ်ပြီး စာအုပ်ပေါင်း ၂ သောင်းခွဲလောက် စုထားတယ်ဆိုတဲ့အတွက်ကြောင့်ပါ။

September 11 တိုက်ခိုက်မှုအပြီးမှာတော့ Sony ဟာ ရုပ်ရှင် poster တွေထဲက Spidey ရဲ့ မျက်နှာဖုံးက မျက်လုံးတွေမှာ ပေါ်နေတဲ့ reflection တွေထဲမှာ World Trade Center နှစ်ခု ပါဝင်နေတဲ့ဟာတွေကို ပြန်သိမ်းယူခဲ့ပါတယ်။

Green Goblin နေရာက Willem Dafoe က စတန့်ကွက်တွေရဲ့ 90% ကို ကိုယ်တိုင်လုပ်ခဲ့ပါတယ်။ နောက် တခြား Stunt သမားတွေလိုမဟုတ်ဘဲ Goblin Glider ကို ၁၅ မိနစ်ထည်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်ခဲ့တယ်။ အဲလိုပဲ အစက Goblin ဝတ်စုံကို ကြီးကြီးမားမားနဲ့ ဗလတောင့်တောင့်ပုံစံလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ Willem Dafoe က သူကိုယ်တိုင် စတန့်လုပ်မှာလည်းဖြစ်လို့ သွယ်သွယ်နဲ့ athletic ပုံစံမျိုးသွားဖို့ တောင်းဆိုခဲ့ပါတယ်။ ဝတ်စုံမှာ အစိတ်အပိုင်းပေါင်း ၅၈၀ ကျော်ပါပြီး တစ်ခါဝတ်ရင် နာရီဝက်လောက် ကြာပါတယ်။

အဲအပြင် သူ့ကို အစက Goblin အဖြစ်မရွေးထားပါဘူး။ ဇာတ်ညွှန်းကို ရသွားတဲ့ Dafoe က သူ့ကိုရွေးဖို့ မရမက လော်ဘီလိုက်လုပ်ခဲ့ပါတယ်။ နောက် တစ်ရက် စပိန်မှာ ရုပ်ရှင်ရိုက်နေတုန်း Dafoe ဟာ သူတည်းနေတဲ့ ဟိုတယ်အခန်းထဲမှာ test footage ရိုက်ခဲ့ရာက Goblin အဖြစ်ရွေးခဲ့ပါတယ်။

Spiderman ရဲ့ တောင့်တင်းတဲ့ ခန္ဒာကိုယ်အရွယ်အစားရဖို့ Tobey Maguire ဟာ ၅ လတိတိ စည်းကမ်းတင်းကျပ်လှတဲ့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရပါတယ်။ Protein ဓာတ်မြင့်မားတဲ့ အစားအစာတွေကို တစ်နေ့ ခြောက်ခါ စားရသလို ကိုယ်ခံပညာကိုလည်း တစ်ပတ်မှာ ၆ ရက် လေ့ကျင့်ခဲ့ရပါတယ်။

Tobey ကို Spiderman အဖြစ် Sam Raimi ရွေးခဲ့တော့ အစက Studio ကလူတွေက သိပ်သဘောမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ Tobey ရဲ့ အစမ်းလေ့ကျင့်မှုတွေကို တွေ့ခဲ့ပြီးမှာ သဘောကျလက်ခံခဲ့ပါတယ်။

James Franco ရဲ့ ဆံပင်ကို သူ့အဖေနေရာက သရုပ်ဆောင်တဲ့ Willem Dafoe ရဲ့ ဆံပင်နဲ့ဆင်တူဖို့ဆိုပြီး ဆေးဆိုးဖြစ်ခဲ့ပါတယ်။ ဒါကို ရိုက်ကူးရေးစပြီးမှ လုပ်ဖြစ်ခဲ့တာဖြစ်လို့ အချို့အခန်းတွေမှာ James Franco ရဲ့ ဆံပင်ဟာ ပုံမှန် အမည်းရောင်ဖြစ်နေတာ တွေ့ရမှာပါ။

ရုပ်ရှင်ရဲ့ မူရင်း trailer တစ်ခုမှာတော့ ဓားပြတွေက ဘဏ်ကို ဓားပြတိုက်ပြီး ရဟတ်ယာဉ်နဲ့ ထွက်ပြေးပါတယ်။ ဒါပေမဲ့ ရဟတ်ယာဉ်က World Trade Centre နှစ်ခုကြား ဖြတ်ပျံရင်း ပင့်ကူအိမ်မှာ ညိပြီး ရပ်သွားလို့ ဓားပြတွေအဖမ်းခံခဲ့ရတဲ့ ပုံစံပါ။ ဆိုတော့ September တိုက်ခိုက်ခံရမှုအပြီးမှာ Trailer ကို ပြန်ပြင်ခဲ့ရပါတယ်။

ဇာတ်ကားထဲမှာ Peter ကို ကိုက်ခဲ့တဲ့ မျိုးရိုးဗီဇပြင်ထားတဲ့ ပင့်ကူဟာ Black Widow ပင့်ကူမဟုတ်ဘဲ Steatoda ပင့်ကူပါ။ ဒါကိုမှ Steven R. Kutcher က ရွေးချယ်ခဲ့ပြီး ပင့်ကူကို မေ့ဆေးပေး၊ Jens Schnabel က အပြာနဲ့ အနီရောင်ဆေး သုတ်ပေးခဲ့တာပါ။

Art department ရဲ့ ဆောက်လုပ်ရေးအဖွဲ့သားတွေဟာ ရုပ်ရှင်မှာသုံးမဲ့ Set 100 အတွက် ၁ နှစ်နီးပါး အလုပ်လုပ်ခဲ့ရပါတယ်။

Sam Raimi ဟာ ရုပ်ရှင်ရဲ့ Visual effect တွေကို ရှေးပုံစံအတိုင်း stunt နဲ့ digital matte နောက်ခံတို့ကို ပိုသုံးချင်ခဲ့ပေမဲ့ John Dykstra က Spiderman ရဲ့ လှုပ်ရှားသွားလာ ခုန်ပျံမှုပုံစံတွေက ခုနကလို လူတွေ နောက်ခံပန်းချီတွေနဲ့လုပ်မယ်ဆို လုံးဝမဖြစ်နိုင်သလောက်ဘဲလို့ ပြောခဲ့လို့ နောက်ဆုံးမှ CGI ကိုပဲ သုံးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Raimi က အကုန်လုံးကို Animation ပဲ မသုံးချင်လို့ stunt တွေနဲ့ပါ ရောခဲ့ပါတယ်။

J.K Simmons က အပြင်မှ ထိပ်ပြောင်လို့ ခေါင်းကိုလုံးဝအပြောင်ရိတ်ထားတာပါ။ အဲအတွက် ဇာတ်ကောင်နေရာအရ တစ်ကားလုံး ဆံပင်တု မုတ်ဆိတ်မွှေးအတုတွေ တပ်ခဲ့ရတယ်။ သူ့ပုံစံအရ J Johah Jameson ဇာတ်ကောင်နဲ့ဆန့်ကျင်ဘက်လိုဖြစ်နေပေမဲ့ သူ့သရုပ်ဆောင်ကောင်းမွန်မှုနဲ့ နာမည်ရခဲ့တဲ့အတွက် သူ့ကိုအပြင်သွားလို့ လူတွေကတွေ့ရင် J.K Simmons ဆိုတာထက် Johah Jameson လို့ပဲ လူတွေက ပိုသိခဲ့တယ်လို့ Simmons ကပြောဖူးပါတယ်။

ရုပ်ရှင်ထဲမှာ ပါတဲ့ ပင့်ကူတွေထဲကအချို့ကို New Zealand က import လုပ်ထားတာပါ။

မင်းသားကြီး Willem Dafoe ရဲ့ မျက်နှာအချိုးအစားပုံစံကိုက comic တွေထဲက မူရင်း Green Goblin မျက်နှာဖုံးနဲ့ ဆင်တူနေပါတယ်။

Norman Osborn ရဲ့ အိမ်မှာ ကမ္ဘာတစ်ဝန်းက မျက်နှာဖုံးတွေနဲ့ အလှဆင်ထားပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေက ဒီလိုလုပ်ခြင်းအားဖြင့် Norma ဟာ မျက်နှာဖုံးစုစောင်းသူတစ်ယောက်ဖြစ်ပြီး အဲအတွက်ကြောင့် Green Goblin အတွက် မျက်နှာဖုံးပြုလုပ်နိုင်တာ ဆိုတဲ့အချက် ပေါ်လွင်စေအောင်ဖြစ်ပါတယ်။

Ref; IMDB

Admin KPK

Comments

comments

Share this post Leave a comment

About The Author

The one who love Technologies and Movies.

Leave a Reply

Your email address will not be published. Required fields are marked *